ယုံချင်ယုံ မယုံချင် နေပေါ့

HBO ကတော့ ကမ္ဘာပြားသီအိုရီတခုကို ဖော်ထုတ်လိုက်ပါတယ်။
Satoshi Nakamoto ဖြစ်နိုင်ခြေအရှိဆုံးသူတွေထဲကတယောက်မှမဟုတ်တဲ့သူတဦးကို Satoshi Nakamoto ပါလို့ နာမည်တပ်လိုက်ပြီးတဲ့နောက်မှာ crypto community ပို့သတဲ့မေတ္တာတွေကို တဝကြီးခံယူနေရပါပြီ။

HBO ရဲ့ မှတ်တမ်းရုပ်ရှင် Money Electric: The Bitcoin Mystery ထဲမှာ Bitcoin ဖန်တီးရှင် Satoshi Nakamoto အဖြစ် နာမည်တပ်ခံလိုက်ရသူ Peter Todd ဟာ အသက် 39 နှစ်အရွယ် Canada နိုင်ငံသား developer တဦးဖြစ်သလို Bitcoin နဲ့ပတ်သက်တဲ့ အဓိက developer တဦးလည်းဖြစ်ပေမယ့် Todd ဟာ Satoshi မဟုတ်တဲ့ သက်သေတွေလည်း အများကြီးရှိနေပါတယ်။

Satoshi Nakamoto က Bitcoin whitepaper ကို စတင်မိတ်ဆက်ခဲ့ချိန်မှာ Todd ဟာ Gedex Inc မှာ Electronics Designer တယောက်အဖြစ် အလုပ်စဝင်ခါစသာရှိသေးသလို အသက် 23 နှစ်ဝန်းကျင်သာရှိပါသေးတယ်။ ပထမဆုံး Bitcoin ကို Satoshi ဆီကနေ လက်ခံရရှိခဲ့တဲ့ Hal Finney နဲ့ ဆက်သွယ်မိချိန်မှာလည်း အသက် 15 နှစ် ဝန်းကျင်သာရှိခဲ့သေးကြောင်း Peter Todd ကိုယ်တိုင်က ဆိုခဲ့ဖူးပါတယ်။

ဒါ့အပြင် 2014 ခုနှစ်ဝန်းကျင်မှာမှ Mastercoin နဲ့ Dark Wallet project တွေမှာ Chief Scientist အဖြစ်နဲ့ ရာထူးအကြီးပိုင်းတွေရလာခဲ့တာပါ။ အသက်အရွယ်အရရော၊ ပညာရပ်ပိုင်းအရရော ပြန်ကြည့်မယ်ဆိုရင် Peter Todd ဟာ Satoshi Nakamoto ဖြစ်နိုင်ခြေအတော်နည်းသလို Todd ကိုယ်တိုင်ကလည်း သူဟာ Satoshi မဟုတ်ပါကြောင်း HBO ရဲ့ မှတ်တမ်းရုပ်ရှင်မထွက်ခင်မှာရော၊ ထွက်အပြီးမှာပါ တုံ့ပြန်ထားပါတယ်။

ဒါကြောင့် HBO ဟာ ကမ္ဘာကြီးက ပြားပါတယ်ဆိုတဲ့ သီအိုရီတခုကို "ယုံချင်ယုံ၊ မယုံချင်နေ၊ ငါတို့ကတော့ ဒီလိုပဲထင်တယ်" ဆိုပြီး ခပ်တည်တည်နဲ့မိတ်ဆက်လိုက်တဲ့ သဘောဖြစ်သလို Elon Musk ကြီးကို Satoshi ပါဆိုပြီး နာမည်မတပ်သွားတာပဲ ကျေးဇူးတင်ရမလိုပါ။

Uploading FB_IMG_1728468168098.jpg #81

Reference Link: https://cointelegraph.com/news/peter-todd-who-is-the-man-hbo-named-satoshi

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 10% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=UAPFLEFU

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center