နေ့ရက်တွေ ရှည်ပြီလား

Kenya နိုင်ငံမှာ Worldcoin နဲ့ပတ်သက်တဲ့ activity တွေကို တားမြစ်ခဲ့ပြီး ရုံးခန်းတွေကို ဝင်စီးခဲ့ပြီးနောက်မှာ Argentina နိုင်ငံကလည်း Worldcoin ကို data ထိန်းသိမ်းရေးကိစ္စတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ကြေငြာလာပါတယ်။

Argentina နိုင်ငံရဲ့ သတင်းအချက်အလက်ဌာနဟာ Worldcoin ရဲ့ လုပ်ငန်းဆောင်ရွက်ပုံတွေ၊ ယူထားတဲ့ data တွေကို ဘယ်လိုထိန်းသိမ်းထားလဲဆိုတာတွေ၊ ဘယ်နေရာတွေမှာ ပြန်အသုံးချတယ်ဆိုတာတွေကို သေချာစုံစမ်းစစ်ဆေးသွားမှာဖြစ်ပြီးတော့ ရလဒ်ပေါ်မူတည်ပြီး နိုင်ငံအတွင်းမှာ Worldcoin ရဲ့ လုပ်ငန်းတွေ ဆက်လုပ်ကိုင်ခွင့်ရှိ၊ မရှိကို ဆုံးဖြတ်သွားမှာပါ။

Worldcoin ဟာ နိုင်ငံအတော််များများမှာ သူတို့ရဲ့ The Orb eye scanner တွေနဲ့ လူတွေရဲ့ eye scan data တွေကို လိုက်ကောက်ခံနေတာဖြစ်ပြီး Worldcoin ID နဲ့အတူ 25 WLD token တွေကိုပါ ပေးနေကြောင်းလည်း သိရပါတယ်။ Argentina နိုင်ငံမြို့တော် Bueno Aires မှာလည်း ဒီလိုမျိုး WLD token တွေ ပေးပြီး Worldcoin ID တွေ ထုတ်ပေးနေခဲ့တာကြောင့် Worldcoin ဟာ စုံစမ်းစစ်ဆေးခံနေရတာဖြစ်ပြီး eye scan data တွေကို crypto token နဲ့ လဲလှယ်ယူတဲ့သဘောလို ဖြစ်နေကြောင်း အစိုးရဖက်က ယူဆထားပါတယ်။

အခြားနိုင်ငံတွေမှာဆိုရင်တော့ ဒီလိုမျိုး private data တွေကို အထူးအလေးထားကာကွယ်ပေးတတ်ကြပေမယ့် ဒီနိုင်ငံမှာဆိုရင်တော့ လူရှာပေးဖို့ကို ကန်ထရိုက်ယူပြီးတော့ ဖယ်ရီနဲ့ပါ အကြိုအပို့စီစဉ်ပေးလောက်ပါတယ်။

Reference Link: https://www.theblock.co/post/244289/argentina-says-its-investigating-worldcoin-over-data-privacy

အကူအညီလိုရင် စာရေး ဆွေးနွေးလို့ရတဲ့ Group ကတော့ ဒီမှာ join နိုင်ပါတယ်
https://t.me/myancrypto
https://t.me/myancryptochannel

Crypto နဲ့ ပတ်သက်တဲ့သင်တန်း video တွေကို ဒီမှာ လေ့လာနိုင်ပါတယ်
https://www.youtube.com/c/MyanCrypto

Crypto ကိုဘယ်ကစရမလဲ လေ့လာနေသူများအတွက် Study Room on Discord
https://discord.gg/zxJK6sVMDH

Binance Myanmar Telegram Group
https://t.me/BinanceBurmese

Trader တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်မှာကတော့ 20% discount ရတဲ့ Binance account link ပဲဖြစ်ပါတယ် အဲ့ဒီ link နဲ့ ဖွင့်ထားတဲ့အကောင့် မဟုတ်ဘူးဆိုရင် ဒီ link နဲ့ အကောင့်သစ် ဖွင့်ပြီးမှ Trading ကိုလုပ်သင့်ပါတယ်
https://accounts.binance.com/en/register?ref=V2505T65

Future Trading အတွက် Referral Code: myancrypto
Mining Account အတွက် Referral Code: E381THBL

H2
H3
H4
3 columns
2 columns
1 column
Join the conversation now