
မနေ့ကဆိုင်ကယ်လာလုတဲ့လူတွေအဖွဲ့လိုက်နဲ့တူပါတယ်။ဘယ်နှယောက်လောက်ရှိမယ်ဆိုတာကိုတော့မသိပါဘူး။မနေ့ကဒီကောင်တွေတော်တော်တင်းသွားဟန်တူပါတယ်။ဒီကောင်တွေအဖြစ်က ဟိုစကားပုံနဲ့ဆင်တူနေတယ်။မြွေပါလဲဆုံး သားလဲဆုံးဆိုသလိုပေါ့၊ဆိုင်ကယ်လဲမရသည်အပြင် ဖုန်းပါကျကျန်နေခဲ့ရတယ်။
ဆိုတော့ဒီနေ့တော့ထူးခြားဖြစ်စဥ်တွေဆိုသလိုပါပဲဖုန်းပိုင်ရှင်အပြင်သူတို့မိတ်ဆွေတွေပါဒီနေ့မနက်ရုံးရှေ့ လူမလေး ခွေးမခန့် ဆိုသလိုပါပဲ၊အရှက်မရှိတဲ့ပုံစံနဲ့လမ်းလျှောက်ပြီးကြည့်သွားနေလေရဲ့။တနေကုန်လဲ သူတော့မပါတော့ဘူး၊သူ့မိတ်ဆွေတွေဆိုင်ကယ်တစ်လှည့်လမ်းလျှောက်တစ်လှည့်နဲ့သူတို့ကိုယ်သူတို့ မောင်ရှင်လောင်းကျနာပဲခေါက်တို့ခေါက်ပြန်သွားလိုက်လာလိုက်ဖြတ်လိုက်တခါတလေ ဟိုနားရပ်လိုက်ဒီနားရပ်လိုက်နဲ့ ဟိုလူစောင့်သလို ဒီလူစောင့်သလိုနဲ့ သူတို့ပဲအလုပ်ရှုပ်နေတယ်။
အမှန်တော့ဒင်းတို့တွေကဖုန်းကိုမရမကလာရှာနေဟန်တူပါတယ်။ဒါကြောင့်မို့လဲခနခနကိုဖြတ်လျှောက်နေကြတာ။ဒီကောင်တွေဒီနားပတ်ချာလည်မှာလုပ်စားနေကြတယ်ဆိုတာကိုယ်တွေကရောက်တာမကြာသေးတော့သိပ်မသိဘူး။ဘေးပတ်ဝန်ကျင်ပြောပြချက်အရတော့သူတို့တွေကအနည်းဆုံး ၃ယောက်ဆိုင်ကယ်တစ်စီးနဲ့ပတ်နေကြပါတယ်လို့သိရပါတယ်။ဒင်းတို့ကတို့တတွေကိုအစားမကြေဘူးလို့ထင်ပါတယ်။
ဒီတော့အမျိူးတွေလဲကျတော်သိသလောက်မန်းလေးမှာလူပြတ်တဲ့နေရာတွေက 6970 101102 ဘောလုံးကွင် မြောက်ဘက်အခြမ်း လူသွားလူလာနည်းတဲ့နေရာတွေ လူပြတ်ပြီး အိမ်ခြေကျဲတဲ့နေရာတွေမှာ ရပ်တာပဲဖြစ်ဖြစ် နားတာပဲဖြစ်ဖြစ် ဖုန်းပြောချင်တာပဲဖြစ်ဖြစ် မလုပ်ကြတာအကောင်းဆုံးပါ။အတွဲတွေလဲ လူပြတ်တဲ့နေရာတွေမှာ မသွားတာအကောင်းဆုံးပါပဲ။ဒီကောင်တွေက မြို့တကားပတ်ပြီး လူပြတ်တဲ့လမ်းတွေကိုအဓိကထားပြီး လှုပ်ရှာနေကြတယ်။
ကိုယ့်ဘက်ကနေပြီးသတိထားဖို့အရမ်းအရေးကြီးပါတယ်။အခုဆိုဒီကောင်တွေခုနေရာမှာလုပ်စားဖို့မလွယ်တော့ဘူး။သူတို့မျက်နာတွေက ကိုယ်ကမြင်ဖူးထားလို့၊ဖုန်းကိုအသည်းအသန်လိုက်ရှာကြရန်တူပါတယ်။
22:55PM