စာကိုသေချာလေးဖက်ပြီးမှ TIKTOK အကောင့်လုပ်ပါ

Japan Server နဲ့ Tiktok အကောင့်တစ်ခုကို ဖန်တီးဖို့အတွက် အရေးကြီးအဆုံးအချက်တော့ မြန်မာပြည်မှာနေတဲ့လူတွေအနေနဲ့ကတော့ USA/JAPAN/UK စတဲ့ VPN တွေအသုံးပြုနိုင်ပါတယ်။ အကြံပေးချင်တာကတော့ JAPAN VPN နဲ့ပဲ အသုံးပြုစေချင်ပါတယ်။ တချိူ့သော VPN တွေအနေနဲ့ကတော့ ကိုယ်အနေနဲ့ JAPAN နဲ့ချိတ်ထားပါသော်လည်း IP မငြိမ်တဲ့ အခါကြတော့ JAPAN Server မရတတ်တဲ့အခါလေးတွေကျရင်သေချာစစ်ဆေးကြည့်စေချင်ပါတယ်ဗျ။စစ်ဆေးရမယ့်နေရာကို အောက်ကပုံမှာ ပြပေးသွားပါမယ်။

လက်ရှိမှာတော့ ကျွန်တော်အနေနဲ့ကတော့ mail ကို outlook mail အသုံးပြုထားခြင်းမရှိပါဘူး။ လွန်ခဲ့တဲ့ Steem တုန်းကဖွင့်ထားခဲ့တဲ့ Mail ကိုအသုံးပြုပြီးတော့ ပြုလုပ်ထားခြင်းပဲ ဖြစ်ပါတယ်။ အခုထိတော့ Tiktok Lite ထဲမှာ အဆင်ပြေပြေနဲ့ ဘာerror ဘဲမရှိဘဲ အသုံးပြုလျှက်ရှိနေပါတယ်။ Outlook Mail နဲ့အသုံးပြုပြီးဖွင့်နေတဲ့ user တွေမှာတော့ birthday မှာ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်နေရတာကို တွေ့နေရပါတယ်။ အဓိကတော့ birthday မှာ အသက် 18 နှစ်ကျော်မှပဲ အဆင်ပြေပါလိမ့်မယ်။ 18 နှစ် ကျော်ထည့်ထားပြီးရှေ့ဆက်သွားမရရင်တော့ ကျွန်တော်လဲ မကူညီတတ်ပါဘူးဗျ။ outlook mail ကြောင့်ဖြစ်မယ်ထင်ပါတယ်။

နည်းနည်းကျော်လိုက်ပါ့မယ်နော်၊ Mail လဲရပြီး JAPAN Server နဲ့ TikTok zရပြီးဆိုရင်တော့ Playstore မှာ TikTok Lite down ပေးရပါ့မယ်။ Playstore TikTok Lite ကနှစ်ခုဖြစ်နေပါလိမ့်မယ်ဗျ။သေချာစစ်ဆေးပေးပါနော်။ Playstore ထဲမှာတော့ အခုလိုမျိူး (Tiktok Lite) လိုပဲရေးထားမှာပဲဖြစ်ပါတယ်။ ဒီလိုပုံစံနဲ့(Tiktok-Lite) ဆိုရင်တော့ အတုပဲဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းရဲ့ Screen ပေါ်မှာတော့ TikTok Lite အစစ်ကတော့ အခုလိုမျိူး (TikTok-Lite) ရေးသားထားပါတယ်၊ အခုလိုမျိူး (TikTok Lite) ရေးသားထားတာမဟုတ်ပါဘူးဗျ။

သေချာလေးစစ်ဆေးပြီးမှ Down ပေးကြပါနော်။ Playstore ထဲဝင်တဲ့အခါကြရင်တော့ မြန်မာ Server နဲ့ မဝင်ဘဲ JAPAN Server နဲ့ဝင်ပြီးရှာမှသာလျှင် Tiktok-Lite ကိုတွေ့နိုင်မှာပဲ ဖြစ်ပါတယ်။ JAPAN Server နဲ့မဟုတ်ရင် မတွေ့နိုင်ပါဘူးဗျ။

အရေးကြီးတဲ့အချက်တွေ့ကတော့

တချို့တွေကတော့ JAPAN Server ရဖို့အတွက် ဖုန်းထဲ Sim Card တွေထုတ်ပြီးတော့ ခိုင်းတဲ့သူတွေလဲရှိပါတယ်။ Broswer တွေကိုလဲ Clear Data လုပ်ခိုင်းပြီးမှ အကောင့်ဖောက်ခိုင်းတဲ့လူတွေလဲရှိပါတယ်။Outlook Mail နဲ့လုပ်ခိုင်းတဲ့လူတွေလဲ ရှိပါတယ်။ Wifi Only သာလျှင်လုပ်ခိုင်းတဲ့လူတွေလဲ ရှိပါတယ်။

# ကျွန်တော်လုပ်ခဲ့ပုံကတော့

outlook mail မသုံးပါ။
Sim Card တွေလဲ မထုတ်ပါ။
Wifi နဲ့လုပ်ထားတာဆိုတော့ Sim data နဲ့ရမရမသိပါ။
Broswer Clear data မချပါ။

ကျန်သာကတော့ ကိုယ့်စိတ်နဲ့ကိုယ်သာလျှင် ဆုံးဖြတ်ပါ။ အားလုံးပဲကံကောင်းကြပါစေ။နောက်ရက်မှာတော့ t​ask တွေကို ရှင်းပြပေးပါ့မယ်။ ဘယ်လိုရောင်းရမယ်ဆိုတာလဲ ဆက်လက်ဖော်ပြပေးပါဦးမယ်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center