ပြောင်းလည်းခြင်း ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယခုတလော ကျွန်တော့အား စိုးမိုးထားသည့် အကြောင်းအရာကတော့ Covid-19 ကူးစက်ရောဂါ အကြောင်းအရာပင် ဖြစ်ပါတော့သည်။ တကမ္ဘာလုံးက ထိုကူးစက်ရောဂါအား ထိန်းချုပ်နိုင်ခြင်း မရှိသေး။ နေ့စဉ် ကူးစက်မှုနှုန်းနှင့် သေဆုံးမှု ကိန်းဂဏန်းများမှာ တန့်သွားခြင်း မရှိ။ တနေ့တခြား ပို၍ ပို၍ တိုးပွားလို့လာနေပါတော့သည်။

ခေတ်မှီ တိုးတက်မှု အရှိဆုံးဟူသော အမရိကန်ကဲ့သို့သော နိုင်ငံပင်လျင် ဤကူးစက်ရောဂါအား ထိန်းချုပ်ရန် မတတ်နိုင်ခဲ့ပါ။ အခြားသော တိုင်းနိုင်ငံများတွင်လည်း ထိန်းချုပ်မှုအားကောင်းသော ကြောင့် ရောဂါကူးစက်မှုနှုန်းကျလာ၍ စီးပွားရေး အနည်းငယ် ကောင်းမွန်လာစေရန် တင်းကျပ်မှုအား အနည်းငယ်ဖြည်လျော့ပေးလိုက်လျင် ကူးစက်မှုနှုန်း ဒုတိယလှိုင်းရိုက်ကာ ပြန်လည်တင်းကျပ်နေကြရပါသည်။

ဤကူးစက်ရောဂါ ကြောင့် ပညာသင်ကြားရေး ၊ ခရီးသွားလုပ်ငန်းနှင့် အခြားသော စီးပွားရေး များတွင် များစွာထိ ခိုက်ခဲ့ကြသည်ကို မိတ်ဆွေတို့ အသိပင်ဖြစ်ပါသည်။ လေယျဉ်ပျံ များ ပျံသန်းမှုများ ရပ်ဆိုင်းထားခဲ့ရသဖြင့် ခရီးသွားလုပ်ငန်းများလည်း အားလုံးနီးပါးရပ်ဆိုင်းသွားခဲ့ကြရပါသည်။ စီးပွားရေး လုပ်ငန်းများ ဟူသည်မှာ တခုနှင့် တခုမှီခို လုပ်ကိုင်နေကြရသဖြင့် တခုပြိုလဲလျင် အခြားသော စီးပွားရေးများကလည်း အနည်းနှင့် အများ ထိခိုက်ကြရသည်သာ။
0001.jpg

Original Source

ဆိုခဲ့သည့် အတိုင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်၍ ပြိုလဲလာခဲ့သော စီးပွားရေးများကြောင့် လူအတော်များများ အလုပ်လက်မဲ့များ ဖြစ်ကုန်ကြပါတော့သည်။ ယခင်က ကြော့ကြော့မော့မော့နှင့် အလှမပျက်လုပ်နိုင်သော လေယျဉ်မောင်မယ်တို့ Delivery သမားများ ဖြစ်လိုဖြစ် စျေးရောင်းသူများ အစားအသောက် ရောင်းချကြသူများ ဖြစ်လာကြပါတော့သည်။

အထူးသဖြင့် အနုပညာရှင် အသိုင်းအဝိုင်းမှ လူများကတော့ On line စျေးရောင်းခြင်း လောကသို့ ဝင်ရောက်လာကြပါတော့သည်။ စျေးရောင်းခြင်းဟု ဆိုရာတွင်းလည်း သူ့စျေးကွက် ကိုယ့်စျေးကွက် ဟူ၍ ရှိကြသည် ဖြစ်ရာ ဤ Covid-19 ကာလတွင် လူအများ စျေးရောင်းခြင်းဘက်သို့ လှည့်လာကြသောကြောင့် နဂို ရှိပြီးသား စျေးရောင်းသူတို့ စျေးကွက် ဝေမျှပေးရသဖြင့် မူရင်း စျေးရောင်းသူတို့လည်း ထိခိုက်ကြသည်သာ ဖြစ်ပါသည်။

အားကစား လောကတွင် လည်း အားကစားသမားတို့၏ ဘဝရှေ့ရေးမှာ ယခင်ကကဲ့သို့ မတောက်ပတော့ပါ။ ကြည့်ရှုအားပေးသူမပါသော ယျှဉ်ပြိုင်ခြင်း မျိုးသည် စက်ရုပ်တရုပ်ကဲ့သို့ လှုပ်ရှား မှုများသာ။ ယခင်က အားကစားကွင်းများတွင် လူ သောင်းနှင့်ချီ ၊ သိန်းနှင့်ချီ ကြည့်ရှုခဲ့ကြသော ဘောလုံး အားကစားကွင်းများမှာ ယခုတော့ ပြတိုက်တခုပမာ ဖြစ်၍ လာနေကြပါသည်။

0002.jpg
Original Source

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းကလည်း ဤ Covid-19 ကူးစက်ရောဂါသည် တိကျသေချာသော ကာကွယ်ဆေး မထုတ်လုပ်နိုင်သေးသရွေ့ ဤရောဂါသည် လူသားများနှင့် အတူတကွ နေထိုင်လျက် အချိန်မရွေး ခြိမ်းခြောက် နိုင်သော အဆင့်တွင်ရှိကြောင်း ကြေညာခဲ့ပြီး ဖြစ်ပါသည်။

ဥပမာ... AIDS ။ HIV / AIDS သည် မိမိကိုယ်တိုင်က မူးယစ်ဆေးဝါး အသုံးပြု ၊ ကာမဂုဏ် အာရုံ ( အကာအကွယ်မသုံးပဲ ) လိုက်စားတတ်သူများသာ ကူးစက်နိုင်ပါသည်။ ဆိုရလျင် ကိုယ်ကကျူးမှ ထို AIDS ရောဂါ ရနိုင်ပါသည်။ AIDS ရောဂါအတွက်လည်း ယခုအထိ ကာကွယ်ဆေး မပြောနှင့် လုံးဝပျောက်ကင်း နိုင်သော ကုသဆေးပင် မတီထွင် ၊ မထုတ်လုပ်နိုင်သေး။

ယခု ဖြစ်ပွားနေသော Covi-19 ကူးစက် ရောဂါသည် ကိုယ်က မကျူးသော်လည်း အခြားသူများကြောင့် ကူးစက်နိုင်ပါသည်။ ကာကွယ်ဆေး မပြောနှင့် ကုသပျောက်ကင်း နိုင်သော ဆေးလည်း မရှိသေး။ အထက်တွင် ဖေါ်ပြထားသကဲ့သို့ နေ့စဉ် ကူးစက်မှုနှုန်းနှင့် သေဆုံးမှု နှုန်းက ကျရိပ်မရှိ နေ့စဉ် အတက်ဘက်သို့သာ။

ဆိုခဲ့သည့်အတိုင်း ကျွန်တော်တို့၏ လူနေထိုင်မှု ပုံစံသည် ဆယ်စုနှစ် တခုအတွင်း လုံးဝပြောင်းလည်း သွားတော့မည်ကဲ့သို့ ဖြစ်နေပါသည်။ လူလူခြင်း လက်ဆွဲ နှုတ်ဆက်ခြင်း ၊ ပွေ့ဖက် နှုတ်ဆက်ခြင်း ဓလေ့များ ပျောက်ကွယ်သွားတော့မည်။ ယခင်ကကဲ့ သို့ မိတ်ဆွေအများ ဖြင့် ပျော်ပွဲစားခြင်းများ ၊ စုဝေးခြင်းများ တဖြည်းဖြည်း နည်းပါးလာကြတော့မည်။ စုဝေးခွင့် ရှိသည်ဟု ဆိုသည့်တိုင် မိမိတို့ကိုယ်တိုင်က လူစုလူဝေးများအား ရှောင်ကျဉ်ကြတော့မည် ဖြစ်ပါသည်။

0003.jpg
Original Source

ရုပ်ရှင် ၊ ဂီတ ၊ အနုပညာပွဲများအား တတ်နိုင်လျင် မိမိ စမတ်ဖုန်း ဖြင့်သာ ကြည့်ကြတော့မည်။ ပညာသင်ကြားရေးတွင်လည်း ယခင်ကျောင်းသားဘဝ ပျော်စရာမျိုး ပြန်ရနိုင်မည်မဟုတ်တော့။ တယောက်နှင့် တယောက် ခြောက်ပေအကွာထိုင် ၊ Face Shield များ Mask များ တပ်ထား၍ တယောက်နှင့် တယောက်ပူးကပ် စကားပြောခွင့်မရှိ။ ရယ်မော စနောက်နိုင်ခြင်း မရှိ။ ကျောင်းသွား စာသင် ၊ ကျောင်းပြန် အိမ်တွင်းနေ ။ ကျောင်းသားတို့၏ ဘဝကာ စက်ရုပ်ပမာ ဖြစ်ကြတော့မည်။

မည်သို့ပင်ဆိုစေ ကျွန်တော်တို့၏ ရှင်သန်မှုသည် သဘာဝ တရားနှင့် လိုက်လျော ညီထွေစွာ ရှင်သန် တတ်ရန် လိုအပ်လာနေပြီ ဖြစ်ကြောင် သဘာဝတရားကပင် သတိပေးလာနေပြီ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့လူသား များကြောင့် သဘာဝပတ်ဝန်းကျင် လွန်စွာ ထိခိုက်ပျက်စီးလာနေကြောင်းကို သဘဝက မိုးလေဝသဖြင့် သတိပေးနေခဲ့သည်မှာ ကြာပြီ ဖြစ်ပါသည်။

လောင်စာများ အလွန် အကျွံထုတ်ယူ သုံးစွဲခြင်း ၊ ပလားစတိတ် များ လွန်ကဲစွာ အသုံးပြုခြင်း ကြောင့် ရေနေ ကုန်းနေသတ္တဝါတို့ ဒုက္ခရောက်ကြခြင်း ၊ သစ်တောများ ပြုန်းတီးကုန်သောကြောင့် လေ ၊ မိုး မမှန်ခြင်း များအတွက် Global Warming ဟူသော အရာဖြင့် သတိပေးနေခဲ့သည်မှာ ဆယ်စုနှစ် ၃ ခုခန့် ရှိခဲ့ပြီ ဖြစ်ပါသည်။

ဤကဲ့သို့ လေ ၊ မိုး မမှန် ၊ မုန်တိုင်းကျ ၊ အပူလှိုင်းရိုက် ၊ နှင်းမိုးရွာ ၊ အအေးလွန်ကဲ ဖြစ်စဉ် များဖြင့် သတိပေးနေသော်လည်း သူ့တိုင်းပြည် ဖြစ်နေတာ ငါနဲ့ မဆိုင်ဟူ၍ နေနိုင်သမျှ နေနေ ၊ ကြည့်နိုင်သမျှ ကြည့်နေ ၊ မိမိ နိုင်ငံ တိုးတက်ရေး မိမိ စီးပွားရေး ကောင်းနေရန် အတွက် လောဘဇော တိုက်နေကြချိန်တွင် သဘာဝတရားက Covid-19 ဟူသော ကူးစက်ရောဂါဖြင့် သတိပေးလိုက်ပြီ ဖြစ်ပါသည်။

0004.jpg
Original Source

အဖြူအမည်း ၊ အယုတ်အလတ် အမြတ် ၊ ဆင်းရဲ ချမ်းသာ မရွေး ၊ တိုင်းနိုင်ငံ မရွေး Covid-19 ကူးစက်ရောဂါက သတိပေးနေပြီ ဖြစ်ပါသည်။ ဤအချိန်ကြမှ သူတို့ဖြစ်နေတာ ငါတို့နှင့် မဆိုင်လုပ်နေ၍ မရတော့ပါ။ ကြိုက်သည် ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ အနာဂတ် ကျွန်တော်တို့၏ လူနေထိုင်မှု ပုံစံသည် ပြောင်းလည်းရတော့မည် ဖြစ်ပါသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း သဘာဝနှင့် လိုက်လျောညီထွေစွာ နေတတ်သူတို့ ရှင်သန်ကြပါလိမ့်မည်။

Henry Aung ( Kachin )

25/08/2020- TUESDAY 17;50 PM

H1.jpeg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center