ကြာတော့လည်း သည် Covid စကား ( Henry Aung )

111.jpeg

မင်္ဂလာပါ။ လက်ရှိ အခြေအနေကတော့ အစိုးရအနေဖြင့် ယခု လူနေမှုပုံစံအား ထပ်မံ တင်းကျပ်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။ စားသောက်ဆိုင်များ အား COVID-19 စည်းကမ်း နှင့် အညီ ဖွင့်ရန် ထပ်မံညွန်ကြား ထားပြီဟု သိရပါသည်။ လွန်ခဲ့သော ၃ / ၄ ရက်ခန့်ကတော့ လူအများ ကြောက်လိုက်ကြသည်မှာ Mask ပါမက Face Shield များပါ ဝတ်ဆင် ထားကြပါသည်။ လူကြီး များသာမက ကလေး များလည်း PPE အပြည့်။ Covid-19 ကူးစက်ရောဂါအား အစကနေ ပြန်ကြောက်နေခဲ့ကြပါသည်။

ယခု တပတ်ခန့်ကြာသော အခါ အရာရာ ပုံမှန် အတိုင်း ပြန်ဖြစ်လာပါတော့သည်။ သတင်းစကား အဆန်းများလည်း ကြားလာပါတော့သည်။ ယခု COVID-19 ဒုတိရလှိုင်း ကူးစက်ရောဂါ သည် ကူးစက်မြန်သလောက် ရောဂါခံစားရမှု အခြေအနေအား ထိန်းချုပ်နိုင်ကြောင်း။ ဆိုလိုသည်မှာ ယခင် Covid-19 ရောဂါသည် ကူးစက်သည်နှင့် ကိုယ်တွင်း အင်္ဂါများအား ဆိုးရွားစွာ ပျက်စီး စေသည်ဟု သိရပါသည်။

ယခု Covid-19 ဒုတိယ ရောဂါကတော့ သာမန် အကိုက်အခဲ ပျောက်ဆေးဖြင့် ထိန်းထား နိုင်ကြောင်း ။ ဟုတ်ကဲ့။ အထက်ပါ အကြောင်း အရာများမှာ နိုင်ငံတော်မှ ထုတ်ပြန်ထားသော သတင်းများမဟုတ်ပါ။ ရပ်ကွက် အသုပ်ဆိုင် BBC သတင်းများသာ ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ ကျွန်တော့ အမြင်တွင် လူအများက လဖက်ရည်ဆိုင် BBC နှင့် ရပ်ကွက် အသုပ်ဆိုင် BBC တိုအား နိုင်ငံတကာ သတင်းဌာနများထက် ပို၍ ယုံကြည်ကြပါသည်။

ဥပမာ ပြပါမည်။ လက်ရှိ Covid-19 ကူးစက်ရောဂါအား Cevit စားလျင်သက်သာ ကြောင်း မည်သူ သတင်းဖြန့်လိုက်မှန်း မသိ။ Cevit ... ဆေးဝါးများ ရောင်း ကောင်းပါလေတော့သည်။ ဤ Covid-19 ကူးစက်ရောဂါသည် မည်မျှရှည်ကြာမီ မသိသေးပါ။ သို့သော်... Mask ရောင်း ကောင်းလိုက်.... Cevit ရောင်းကောင်းလိုက်။ ဆေးကုန်သည်ပွဲစားတို့ကာ Covid အမြစ်ပြတ်သွားမည်ကိုပင် စိုးရိမ် နေသယောင် ဖြစ်နေပါတော့သည်။

ပြည်သူများကတော့.... တမာရွက် ဆိုလည်းပြုတ်သောက်လိုက် ၊ Cevit ဆိုလည်း ဝယ်စားလိုက် ၊ ပါရာစီတော်မော့ ဆိုလည်း ဝယ်သောက်လိုက်။ သူ့အရပ်နှင့် သူ့ဇတ်ကတော့ အဆင်ပြေနေပါတော့သည်။ မြန်မာတို့ကာ ကမ္ဘာ့ အဆင်းရဲ ဆုံး နိုင်ငံအဖြစ် နေထိုင်ရသည့် အလျောက်... COVID-19 မကလို့.... COVID-19 အဖေလည်း ကြောက်ဟန် မတူတော့ပါ။ အဘယ့်ကြောင့် ဆိုသော်... ငတ်ခြင်းအား မြန်မာတို့ အတွေ့အကြုံ ရှိခဲ့ကြပါသည်။ သေခြင်းအား ကြံ့ကြံ့ ခံနိုင်လျင် မြန်မာတို့ သည် Covid-19 အား ကြောက်စရာတခုထက် စိတ်ဝင်စားစရာ အကြောင်းအရာအဖြစ်မြင်လာပါလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် မြန်မာတို့၏ ဘဝ များသည် အသစ်အဆန်းများက ပို၍ နေရာယူ နေကြသော ကြောင့် ဖြစ်ပါသည်။ Covid-19 ထက် သင်းသင်းနှင့် ဝေဋုကျော် တို့က ပို၍ စိတ်ဝင်စားစရာ ကောင်းပါသည်။ Covid-19 ထက် ဖြူဖြူထွေး၏ သတင်းက ပို၍ အရေးကြီးသလို ကူးစက်ရောဂါထက် မမသင်ဇာ ဝင့်ကျော်၏ HD က ပို၍ အရေးကြီးနေပါသည်။

ကျွန်တော် ဆိုခဲ့သည့် အတိုင်း " ကြာတော့လည်း ဤ Covid စကား သည် “ မေ့မေ့ ပျောက် ပျောက် ဖြစ်လျင် ဖြစ်.... မဖြစ်လျင် နောက်တကြိမ် Covid တတိယလှိုင်းက ထပ်မံ ရေပန်းစားလာပါလိမ့်မည်။ ဤ စာစုပါ အကြောင်း အရာများ သည် ကျွန်တော့ အတွေးသာ ဖြစ်၍ တစုံတခု အမှားအယွင်း ပါခဲ့လျင် ရေးသားသူ ကျွန်တော့ထံတွင်သာ တာဝန် ရှိကြောင်း ဝန်ခံပါသည်။

Henry Aung ( Kachin )

H1.jpeg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center