Hive Platform ဖြင့် အရှေ့ကို လျှောက်ပါလို့ ( Henry Aung )

111.jpeg

မင်္ဂလာပါ။ Hive platform နှင့် ဆယ်ရက်ကျော်ခန့် ဝေးကွာနေခဲ့ရာမှ ယခုတော့ စာရေးရန် အရှိန် ပြန်ယူနေပြီ ဖြစ်ပါသည်။ စာရေးသည့် အလုပ်ကလည်း တကယ်တော့ မလွယ်ကူပါ။ စာမရေးသည့် အချိန် ကြာသွားလျင် ရေးကွက် ပျောက်သွားတတ်သလို စာပြန်ရေးရန် အတော်လေး အရှိန်ပြန်ယူရပါသည်။

စာရေးရန် နေ့ရွှေ့ ညရွှေ့ ရွှေ့နေရသလို လျပ်စစ်မီးကလည်း ဒုက္ခပေးပြန်သဖြင့် ဒီအတိုင်း လွှတ်ထားချင်စိတ်အား မနည်းချုပ်တည်းထားကာ စာရေးသည့် အကျင့်အား ပြန်ယူနေရပါသည်။

ယခုတလော Cryptocurrency အကြောင်းများအား ကြည့်လိုက်လျင် ထွေထွေထူးထူးတော့ မတွေ့ရပါ။ လွန်ခဲ့သော တပတ်ခန့်က Steem အား ဒေါ်လာဘီလီယံချီ၍ ဆွဲတင်ခဲ့ကြသည်ကို တွေ့ရပါသည်။ ထိုကစားပွဲတွင် အချို့က Steem အား အလွန်အမင်း မျှော်လင့် ကြသည်ကို တွေ့ရပါသည်။

ကျွန်တော် တယောက်တည်း အမြင်ဖြင့် ပြောရလျင် Steem အား ဈေးဆွဲတင်သူမှာ အခြားသူ မဖြစ်နိုင်ပါ။ ပိုင်ရှင် တရုတ် ဂျပ်စတင်း ကိုယ်တိုင်သာ ဖြစ်ပါလိမ့်မည်။ အကယ်၍ ရင်းနှီးမြုပ်နှံသူများက Steem အား ဝယ်ယူရင်းနှီးကြလျင် ဂျပ်စတင်း၏ လက်ထဲတွင် သန်း 50 ကျော်မျှသော Steem များက ဈေးကွက် ကို ချောင်းမြောင်း နေပါသည်။

ဘူဘောင်း ဖေါက်သူများကလည်း Steem အား ဘူးဘောင်း ဖေါက်ဝံ့ကြမည် မထင်ပါ။ သူတို့ လိုချင်သော ဈေးမရောက်မှီ ဂျပ်စတင်းက ဝင်ရောက် အမြတ်ထုတ်သွားနိုင်သော ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် Steem အား ဒေါ်လာ ၁.၂ ဘီလီယံကျော်မျှ အသုံးပြုကာ ဈေးကွက်ဆွဲတင်သည့်တိုင် ခိုင်မာသော ဈေးတခုအဖြစ် ဖန်တီး နိုင်ခြင်း မရှိခဲ့ပါ။

ဆိုလိုသည်မှာ Steem ပြား ၃၀ ကျော်မှ ဆွဲတင်သည်မှာ အမြင့်ဆုံး ပြား ၇၀ ခန့် အထိ ရောက်ခဲ့သည်ဟု ထင်ပါသည်။ သို့သော် ပြန်အကျတွင် ပြား ၅၀ ခန့်တွင် ထိန်းထား နိုင်ခြင်း မရှိပဲ တပတ်ခန့် အကြာတွင် မူလ ပြား ၃၀ ဝန်းကျင်သို့ ပြန်လည် ကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။

Hive အနေဖြင့် ပြား ၂၀ ခန့်မှ ဆွဲတင် ခဲ့ရာ အမြင့်ဆုံး 3$ အထိ ရောက်ခဲ့ပြီး ယခု ပြား ၇၀ ဝန်းကျင်တွင် ရှိနေပြီ ဖြစ်ပါသည်။ Hive အား လေ့လာကြည့်ရာတွင် ပြား ၇၀ ကျော်နှင့် 1$ ကြားတွင် ဈေးကစားနေသည်ကို တွေ့ရပါသည်။

Hive အနေဖြင့် တခု စိတ်ဝင်စားစရာ ကောင်းနေသည်မှာ ရှေ့လာမည် နှစ်များတွင် အကောင်ထည် ပေါ်လာမည့် project များ အကြောင်းပင်ဖြစ်ပါသည်။ လွန်ခဲ့သော ဆယ်ရက်ခန့်က ကျွန်တော့ အနေဖြင့် Dlux Exchange အကြောင်း ရေးသားခဲ့ရာ ထိုအချိန်က Dlux တွင် ဝယ်ရောင်း အင်အားမှာ ဒေါ်လာ ဆယ်ဂဏန်း မျှသာ ရှိခဲ့ပါသည်။

သို့သော် ယနေ့ ပြန်ဖွင့်ကြည့်သော အခါ DUAT အား ဒေါ်လာ တထောင်ကျော် ဝယ်ရောင်း ပြုလုပ်ထားကြသည်ကို တွေ့ရပါသည်။ ဆိုလိုသည်မှာ ကျွန်တော်တို့ Hive Platform မှ အလကားရထားသော token များ ဈေးကွက်ဝင်လာကြသည်ကို သိစေလိုရင်း ဖြစ်ပါသည်။

တခုစဉ်းစားရမည်မှာ SPK mining လုပ်ရန် လက်ရှိ လျပ်စစ်မီး အနေအထားဖြင့်ဆိုလျင်တော့ မဖြစ်နိုင်ပါ။ ဈေးကွက် အခြေအနေကြည့်ကာ LARYNX ရောင်းထုတ်ထားပြီး SPEAK token ပြန်ဝယ်စုထားရမည့် သဘော ဖြစ်နေပါသည်။

DUAT ကတော့ ဈေးကွက် အခြေအနေမဆိုးလှပါ။ 0.008 Hive ဟူသော ဈေးမှာ လက်ရှိ Hive ဈေးဖြင့် တွက်ကြည့်လျင် မြန်မာငွေ ၁၁ ကျပ်ခန့် တန်ကြေးရှိနေပြီ ဖြစ်ပါသည်။ ဤ DUAT မှာ Ragnarok game ကစားလိုသူတို့ မဖြစ်မနေ ဝယ်ယူ စုဆောင်း ထားရမည့် Token ဖြစ်ပါသည်။ ယခု မြန်မာငွေ ၁၁ ကျပ်ဟူသည်မှာ ဝယ်စု၍ ပျော်ပါသည်။

မိမိတို့ Ragnarok NFT များ ရလာသော အခါ မည်မျှ တန်ဖိုးရှိကြောင်း ပိုမိုသိသာ လာပါလိမ့်မည်။ ကျွန်တော့ အနေဖြင့် ယခင်က ခန့်မှန်း ထားသည့် အတိုင်း DLUX Exchange အားကောင်းလာသည်နှင့် အမျှ Hive Engine ဈေးကွက် မှာ တဖြည်းဖြည်း ဆုတ်ယုတ်လာနေပြီ ဖြစ်ပါသည်။

ကျွန်တော့ အနေဖြင့် Hive Engine တွင် ထပ်မံ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်တော့ပါ။ Hive Engine မှ ရသမျှ ထုတ်ယူထားကာ HBD Saving အနေဖြင့် ပြုလုပ်ထားရန် ပြင်ဆင်နေပြီ ဖြစ်ပါသည်။ HBD Saving မှ အတိုး ၂၀ % အထိ တိုးမြှင့်လိုက်ပြီ ဖြစ်ရာ အနည်းဆုံး ဒေါ်လာ ၁၀၀၀ လောက်ဖြည့်ထားနိုင်လျင် လစဉ် ဒေါ်လာ ၂၀၀ လောက် အတိုးရလျင်ဖြင့် အတော်လေး အဆင်ပြေမည်ဟု ထင်ပါသည်။

ငါးကြင်းဆီဖြင့် ငါးကြေင်းကြော်နိုင်ရန် ကြိုးစားရပါအုံးမည်။ အဓိကအရေးကြီးသည်ကတော့ Hive Platform ဖြင့် အဆက်မပြတ်ပဲ နေ့စဉ် စာရေးတင်နေရန်သာ လိုပါသည်။ ကျွန်တော်တို့ နေ့စဉ်ရရှိသော အကျိုးအမြတ် နည်းပါသည်။ သို့သော် လုံးဝမရသည်တော့ မဟုတ်ပါ။ အချိန်ကစကားပြောလာပါလိမ့်မည်။

Henry Aung ( Kachin )

03/05/2022 - Tuesday - 17;20 Pm

H2
H3
H4
3 columns
2 columns
1 column
Join the conversation now