Hive Platform နှင့် ကျွန်တော့အတွေး ( Henry Aung )

111.jpeg

မင်္ဂလာပါ။ ယမန်နေ့ညက Hive platform နှင့် စပ်လျဉ်း၍ တွေးတောနေမိပါသည်။ လက်ရှိ Hive platform ၏ အခြေအနေများ တိုးတက်မှုများ အကြောင်း။ Hive ဈေးနှင့် စပ်လျဉ်း၍ ကျွန်တော့ အနေဖြင့် မေးခွန်း တခု မေးမိပါသည်။ အကယ်၍ Layer 2 token များ Hive Gaming Dapp များ ထွက်လာပြီး နောက်တွင်လည်း Hive ဈေးသည် $1.5 ခန့်တွင် တန့်နေနိုင်ပါသလား ဟူသော မေးခွန်း ဖြစ်ပါသည်။

ဤ အမေးနှင့် ပတ်သက်၍ ကိုယ်တိုင်ဖြေကြည့်မိပါသည်။ လွန်ခဲ့သော အတိတ် Steemit Platform နှင့် နှိုင်းယှဉ်ကြည့်မိပါသည်။ ကျွန်တော်တို့သည် Steemit platform အား အရမ်းကို မျှော်လင့်ခဲ့ကြသည်။ Bitcoin အား ယျဉ်ပြိုင်နိုင်သော အဆင့် အထိ မျှော်လင့်ချက်ကြီးကြီးမားမားထားခဲ့ကြသည်။ ထို မျှော်လင့်ချက်များတွင် steemit platform မှ SMTs များ ထုတ်ကြမည် Social media တခုလုံး steemit blockchain အောက်ရောက်လာမည် အထိ မျှော်လင့်ချက် ကြီးမားခဲ့ကြပါသည်။

ထို့ နောက် Bitcoin ဘူဘောင်း ကြောင့် Steem ဈေး 7$ ခန့်အထိ ရောက်သွားသောအခါ steemit platform အပေါ်ထားသော မျှော်လင့်ချက်မီးအား ဓါတ်ဆီ ထပ်မံ လောင်းထည့် ပေးလိုက်သကဲ့သို့ ဖြစ်သွားသောအခါ steemit ဖြင့် ခေတ်သစ် တခု ရောက်တော့မည် အထိ မျှော်လင့်ချက် ကြီးမားသွားခဲ့ကြပါသည်။ ထို့ နောက် steem ဈေးသည် ပြား ၂၀ ခန့်အထိ ကျဆင်းသွား၍ တနှစ်နီးပါး ကြာသော်လည်း $1 အထက်သို့ ပြန်တက်မလာနိုင်သောအခါ တန်ပြန်အကျိုး သက်ရောက်ပါတော့သည်။

ဤ တန်ပြန် အကျိုးသက်ရောက်မှုမှာ မိမိတို့ မျှော်လင့် ချက် ကြီးကြီးမားမား ထားသလောက် စိတ်ပျက် အားလျော့လာသောအခါ ထိုကြီးမား သော မျှော်လင့်စိတ်က မိမိ စိတ်ဓါတ်အား အဆုံး အထိ ဆွဲချသွားပါတော့သည်။ မျှော်လင့် ချက် ပိုကြီးမားလေ စိတ်ဓါတ်ပို ကျလေ ဖြစ်သွားပါသည်။

ထိုသို့ စိတ်ဓာတ်ကျသွား၍ စာ၊ ဆောင်းပါးများ ရေးသာချင် စိတ်မရှိ ဖြစ်ကုန်ကြသည်မှာ ဤသို့ သော တန်ပြန် အကျိုး သက်ရောက်မှု ကြောင့် ဖြစ်ပါသည်။ ဆိုရလျင် steem ဈေး အနေဖြင့် လွန်ခဲ့ သော ၂၀၁၆ ခုနှစ်က အတိုင်း ပြား ၅၀ ခန့်တွင် အတက်အကျ အနည်းငယ် ဖြင့် တည်တည် ငြိမ်ငြိမ် ရှိနေခဲ့လျင် ယနေ့အချိန်တွင် Hive platform ဟူ၍ ပေါ်လာလိမ့်မည်ဟု မထင်ပါ။

ဤနေရာတွင် ကျွန်တော့ အနေဖြင့် လက်ရှိ Hive Platform တွင် စာရေးနေကြသူများအား မေးချင်မိပါသည်။ အကယ်၍ Hive အနေဖြင့် နောက်ထပ် ပြား ၂၀ ဈေးသို့ ထိုးကျသွားပြီး ပြန်တက်မလာခဲ့လျင် မည်သို့ လုပ်ကြမည်နည်း။ ယခင် Steemit ကာလကဲ့သို့ ဘယ်နှစ်ယောက် ကုတ်ကပ်ကျန်နေခဲ့မည်ကို မသိနိုင်ပါ။ အချိန်က စကားပြောပါလိမ့်မည်။ Cryptocurrency နှင့် ပတ်သက်၍ ကျွန်တော်တို့တွင် အကြောက်တရား တမျိုးရှိပါသည်။

ဈေးအရမ်း တက်သွားမှာ ပူပန်ခြင်း နှင့် ဈေးအရမ်းကျသွားမှာ စိုးရိမ်ခြင်း ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ထိုအတွေးမျိုး ဝင်လာတတ်ပါသည်။ လွန်ခဲ့သော တနှစ်က Hive ပြား ၂၀ ဈေးတွင် Hive 2000 လောက် ဝယ်စုထားမိလျင်ဖြင့် ယခု ဘယ်လောက် ထောနေပြီ ဟူသော အတွေး ။ ဈေးထိုးကျသွားလျင် Hive ဈေး $2 တုန်းက ထုတ်ရောင်း ထားလျင် အခုဆို ဘယ်လောက်မြတ်နေပြီ ဟူသော အတွေး။

တကယ်တမ်း ဆိုရလျင် ကျွန်တော်တို့ Hive Platform ပေါ်တွင် ကျင်လည်နေကြသည်မှာ Hive Power တည်း ဟူသော အရာအား အမှီပြု၍ အဆွယ်အပွားများအား ခူးစားရန် ဖြစ်ပါသည်။ Hive ဈေးတက်လာလျင် မိမိတို့လည်း ပျော်ရသလောက် အဆွယ်အပွားများ ပို ၍ ရလာမည်။ Hive ဈေးကျလာလျင် ကြိုးစား၍ Hive Power စုမည်။ ဤ နှစ်မျိုးသာ မိမိတို့ လုပ်နိုင်ပါသည်။

လက်ရှိ အချိန်တွင် Hive platform သည် မိမိတို့ဘဝအား အာမခံချက် မပေးနိုင်သေးပါ။ သို့သော် Hive တွင် Post တင်ယုံမျှဖြင့် ထမင်းတပွဲတော့ စား၍ ရနေပါသေးသည်။ ကျွန်တော့ ယခင် ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ ပြီး ဖြစ်သည့် အတိုင်း ကံ မပါတောင် ဝရိယ ရှိလျင် ဝရိယ အကျိုး ခံစားရပါလိမ့်မည်။ ကံလည်း မပါ ဝရိယ လည်း မရှိလျင်တော့ " ဆု အကြီးကြီး တောင်းနေယုံသာ" ။

Henry Aung ( Kachin )

29/12/2021 - Wednesday - 18;31 Pm

H2
H3
H4
3 columns
2 columns
1 column
Join the conversation now