Online Exchange များ၏ Risk

ဒီရက်ပိုင်း Online မှာ အလိမ်ခံရသည့် post တွေ တော်တော်များများ တွေ့နေရပါတယ်။ အဓိကကတော့ MLM ပုံစံများ ဖြစ်ကြတာတွေ့ ရပါတယ်။ ပုံစံမျိုးစုံဖြင့် လိမ်လည်မှုများ ရှိနေကြသောကြောင့် ကျွန်တော်တို့လို့ Crypto နှင့် Trading သမားများ၏ ပုံရိပ်ကိုပါ ထိခိုက်စေသည့် အခြေအနေမျိုး ကြုံတွေ့လာရပါတယ်။

တစ်ချို့ Company များသည် 2020 ခုနှစ်လောက်ကတည်းက လုပ်ငန်း လည်ပတ်နေသည်ကို တွေ့ရပါတယ်။ ဒီလောက် အချိန်အကြာကြီး အကွတ်ကျကျ ( ဆရာကျကျ ) လိမ်သွားနိုင်သည့် သူများကိုတော့ ကျွန်တော်ဘက်ကနေ မချီးကျူးဘဲ မနေနိုင်ပါဘူး။

ဒီနေရာမှာ အလိမ်ခံရသူများသည် Company ကို တိုင်ကြားသည်မှာ အမှန်ဖြစ်ပါတယ်။ တစ်ချို့ကတော့ ရဲစခန်းလို နေရာမျိုးမှာ ပထမဦးစွာ တိုင်ကြားနိုင်ကောင်း တိုင်ကြားကြပါလိမ့်မည်။

တစ်ချို့ကတော့ ဗဟိုဘဏ်နှင့် ပြည်ထဲရေးကို လိပ်မူပြီး တိုင်ကြားပါလိမ့်မည်။ ( ငွေ/ကြေး ဆိုရာ ကိစ္စရပ်များ ဖြစ်၍ ဗဟိုဘဏ်သို့ တိုင်တန်းနိုင်ခြင်း ဖြစ်ပါတယ် )။ ဗဟိုဘဏ်အနေဖြင့် ဘဏ်အကောင့်များ ယာယီပိတ်ခြင်း နှင့် တစ်ခြားလိုအပ်သည်များကိုလည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ ဦးတည်အုပ်စု တစ်ခု ထွက်ပေါ်လာတက်ပါတယ်။ ဒါကတော့ ကြားကနေ ငွေကြေး လွဲပြောင်းပေးသူများနှင့် Crypto ရောင်းချသူများ ဖြစ်ပါတယ်။ ( ဗဟိုဘဏ်၏ လက်ရှိထုတ်ပြန်ထားသည့်များ အရ ဝန်ဆောင်ခ အခကြေးငွေယူဆောင်ပြီး Bank to Bank နှင့် Bank to Other ကိစ္စများသည် လိုင်စင်မရှိဘဲ မလုပ်နိုင်ပါဘူး။ ငွေ/ကြေး လိုင်စင် ရှိခဲ့လျှင်တောင် တစ်ခြားကန့်သတ်ချက် များစွာ ရှိနေပါတယ်။ ဒါအပြင် Online ပေါ်တွင် လုပ်ကိုင်နေကြသည် Exchange အများစုသည် တရားဝင် လိုင်စင်မရှိကြပါဘူး )

နောက်တစ်ခုကတော့ Crypto ရောင်း/ ဝယ် လုပ်ကြသည့် Third Party Exchanger များဖြစ်ပါတယ်။ နောက်ဆုံး ထုတ်ပြန်ထားချက်များ အရ ဗဟိုဘဏ်အနေဖြင့် ထိုသို့ရောင်းဝယ်မှုများကို ခွင့်မပြုထားသကဲ့သို့ လုပ်ငန်းလိုင်စင်ကိုလည်း ထုတ်မပေးထားပါဘူး။

ကျွန်တော်တို့အနေဖြင့် ပြန်လည်ကောက်ရမည် ဆိုလျှင် ထိုသို့ ငွေကြေး လိမ်လည်သူများ၏ Bank အကောင့်များကို မကြာခင် စစ်ဆေးခြင်းနှင့် တားမြစ်ခြင်း ကိစ္စများ စတင်လာပါလိမ့်မည်။

ဒီလို လိမ်လည်သည့် Bank အကောင့်များနှင့် ပတ်သက်မိသော Exchange များသည် သတိထားရမည့် အခြေအနေတစ်ခု ဖြစ်လာနိုင်ပါသည်။

Bank transaction များစစ်ဆေးပြီး အကြောင်းမဲ့ ငွေကြေး လွဲပြောင်းမှုများ တွေ့ရှိပါက ခေါ်ယူစစ်ဆေးခြင်း ခံရပါလိမ့်မည်။ ( ထိုသို့သော ကိစ္စများကို အထူးစုံစမ်းစစ်ဆေးရေးဌာန စစ်ဆေးမှု အများဆုံး လုပ်ပါလိမ့်မည်ဟု ထင်ပါတယ်။ ) ထိုသို့ အစစ်ဆေးခံရလျှင် အစိုးရသက်သေ အနေဖြင့် ပူပေါင်း အစစ်ဆေးခံဖို့ လိုပါလိမ့်မယ်။ အကယ်၍ အကြောင်းမဲ့ Transaction များပြီး မိမိဘက်က တိမ်းရှောင်နေလျှင် သံသယတစ်ရားခံ ဖြစ်လာနိုင်ပါတယ်။

အမှုများအရ စစ်ဆေးပြီးလျှင် သက်သေအနေဖြင့် ပါဝင်နိုင်ပါတယ်။ ဒါမှမဟုတ် မိမိဘက်ကနေ အရေအတွက်များများ ( သို့ ) By Name ဖြင့် တိုင်ကြားခံရလျှင်တော့ မိမိကိုယ်တိုင် ( Exchanger ) ကိုယ်တိုင် အစစ်ဆေး ခံရမှာ ဖြစ်ပါတယ်။

အမှု၏ တည်ဆောက်ပေါ်မူတည်ပြီး ငွေ/ကြေး အဖွဲ့အစည်း ပုဒ်မများ (သို့) ငွေကြေးခဝါချမှု ပုဒ်မများဖြင့် တရားစွဲ ခံရနိုင်ချေ ရှိပါတယ်။ လက်တလော အချိန်မှာတော့ ငွေကြေးခဝါချနှင့် စွဲဆိုနိုင်ဖို့ များပါတယ်။

ဒီတော့ ကျွန်တော်တို့ ( Exchanger ) တွေဘက်ကနေ ဘာတွေ ပြင်ဆင်နိုင်မလဲဆိုတော့ မိမိတို့သည် ထိုသို့သော လူပုဂ္ဂိုလ်များနှင့် ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှု တစ်ခုခု (သို့) Crypto ရောင်းဝယ်မှု တစ်ခုခု ကို လုပ်ဆောင် မိခဲ့သလားဆိုတာကို ဦးစစ်ဆေးထားသင့်ပါတယ်။

ရှိခဲ့သည်ဆိူလျှင် ကြိုတင် စာရင်းများစုဆောင်းပြီး အချက်အလတ်များကို အဆင်သင့် လုပ်ထားသည့်ပါတယ်။ ( တရားဝင် လုပ်ငန်းလုပ်ကိုင်ခွင့် မရှိဘဲ (သို့ ) လုပ်ငန်း လိုင်စင် လျှောက်ယူ၍ မရနိုင်သောကြောင့် ကျွန်တော်တို့အတွက် အနည်းငယ် Risk ယူကြရသည့် ကိစ္စများ ဖြစ်ပါတယ် )

ဒီနေရာမှာ လိုင်စင်ရှိခဲ့လျှင်တောင် စာရင်းများ ခေါ်ယူ အစစ်ဆေးခံရနိုင်ချေ ရှိပါသေးတယ်။ ဒီလိုမျိုး ပါဝါကို ဗဟိုဘဏ်နှင့် စစစ တို့မှာ ရှိနေပါတယ်။

ဒီတော့ ကျွန်တော်တို့ လုပ်ငန်းတွေ လုပ်ရသည့်အခါမှာ ဝင်ငွေရရှိမှု ( အမြတ်ငွေ ရရှိမှု ) တစ်ခုတည်းကိုသာ ကြည့်နေလို့ မရပါဘူး။ ဖြစ်ပေါ်လာနိုင်သည့် risk ကိုလည်း ကြိုတင်တွက်ချက်ပြီး Safe Plan များ ချထားဖို့ လိုအပ်ပါတယ်။

@johndieo
7.11.2022

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center