မပြေးသော်လည်း

img_0.2290975604888736
Photo Source

အရင်လက အသိဦးလေး တစ်ယောက် အိမ်ကို ရောက်ချ လာပါတယ်။ ရောက်ချလာရသည့် အကြောင်းအရင်း တစ်ခုမှ မူးယစ် ဆေးဝါးနှင့် ဆိုင်သည့် ကိစ္စ တစ်ခုပါ။ ဟုတ်ပါတယ် အသိဦးလေး၏ ဆွေမျိုးနီးစပ် တော်စပ်သူ တစ်ယောက်သည် မူးယစ် ဆေးဝါးနှင့် ပတ်သက်ပြီး အဖမ်းခံရသောကြောင့် ဖြစ်ပါတယ်။

ကျွန်တော်ကတော့ ထုံးစံအတိုင်း ဂရမ် ဘယ်လောက်မိသလဲ နှင့် ဘာမူးယစ်အမျိုးအစားလဲ မေးပါတယ်။ WY အမျိုးအစားဖြစ်ပြီး ဖမ်းမိသည့် ပမာဏမှာ 1Kg လောက် ရှိသည်ဟု သိရပါတယ်။ ၎င်းပစ္စည်းသည် သူ့ပစ္စည်းမဟုတ်ဟု လည်း ဆိုပါတယ် ( ကျွန်တော်ကတော့ ထွေထွေထူးထူး ပြောမနေတော့ပါဘူး။ ကိုယ့်ပစ္စည်းဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ မိမိလက်ဝယ်တွင် ဖမ်းမိသည့် ပစ္စည်းသည် မိမိပစ္စည်း ဖြစ်ပါတယ်။ တရားရုံးများသည်လည်း သက်သေအထောက်အထားကိုသာ ကြည့်ကြသည်မဟုတ်ပါလား )

၎င်းဖမ်းမိသော ပစ္စည်းပမာဏအရ ၁၉(က) ပြစ်မှုဖြစ်နိုင်သည့် ပမာဏပါ။ (အခြေအနေမကောင်း ခဲ့လျှင် တစ်ခြာ ပုဒ်မခွဲတွေပါ ထပ်ပြီး စွဲဆိုနိုင်ပါတယ် )။ ကျွန်တော်အနေဖြင့် ပြန်လည်မေးနိုင်တာကတော့ FIR ဖွင့်ပြီးသွားပြီ လားပေါ့။ ဒါကိုလည်း သူတို့ဘက်မှ သေချာ မသိပါဘူး။

FIR မဖွင့်ရသေးလျှင် တစ်ချို့ လုပ်ဆောင်လို့ ရတာတွေ လုပ်ဆောင်လို့ ရနိုင်ကြောင်း နှင့် ပုဒ်မကိုလည်း ၁၉(က) မှ ၁၆ (ဂ) သို့ ပြောင်းနိုင်လျှင် ပြောင်းလို့ ရနိုင်ကောင်းကြောင်း အကြံပေး ဖြစ်ပါတယ်။

ကျွန်တော် အရင်တုံးက ပြောပြခဲ့သလို ပုဒ်မ ၁၉ ( က )/ဖြင့် တရားစွဲဆိုပြီး ပြစ်မှု ထင်ရားပါက ထောင်ဒဏ် ဆယ်နှစ် အနည်းဆုံး ကျခံရနိုင်ကြောင်း နှင့် ပုဒ်မ ၁၆(ဂ) ဖြစ်ပါက ထောင်ဒဏ် ငါးနှစ်ခန့်သာ ကျနိုင်ကြောင်း ပြောဆို ဖြစ်ပါတယ်။

ဦးလေးဖြစ်သူကတော့ ခေါင်းတလှုပ်လှုပ်ဖြင့် နားလည်း၍လား နားမလည်၍လား ကျွန်တော်ကတော့ မသိနိုင်ပါဘူး။

ဒီလို ကိစ္စတွေကြောင့် ဒီလိုလူတစ်ယောက်တော့ အကျဥ်းထောင်ထဲမှာ အမှု ရင်ဆိုင်ရပါအုံးမည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center