ကျွန်တော်နှင့် အလုပ်များ ( To start next chapter )

img_0.05665497136771572

Photo Source

ဟုတ်ပါတယ် အဆောင်ဖွင့်ထားသည့် အတွက် တစ်ခါတစ်လေ လေပြေအေးလေးနှင့် ပြောဆိုလို့ မရပါဘူး။ ကြမ်းသင့်သည့် အခါတွင် ကြမ်းပြရပါတယ်။ မတက်နိုင်ပါဘူး လုပ်စရာရှိတာကိုတော့ လုပ်ရပါတယ်။ ( အဆောင်ဖွင့်ဖို့ ကြံရွယ်နေသူများလည်း ကျွန်တော်၏ အကွတ်ပေါင်း တစ်သိန်းကို လာရောက် စပ်စုနိုင်ပါတယ် )

တစ်ခါတစ်လေ လုပ်ရ ကိုင်ရသည့် အခက်အခဲများဆိုလျှင် ပညာပြရသည့် အခြေအနေများလည်း ရှိပါတယ်။ တစ်ချို့များ ဓားဆွဲထွက်လာသည့် သူများနှင့်တောင် ကြုံဖူးပါတယ်။

ဒီလိုအခြေအနေမှာ ကြောက်နေလို့ မရတော့ပါဘူး။ ဓားကို ဆွဲပြီး နားရင်းကို နာနာလေး အုပ်ပေးပြီး အချုပ်ခန်းထဲ ထည့်ရသည့် အခြေအနေတွေတောင် ကြုံဖူးပါတယ်။ ဟုတ်ပါတယ် အောက်ခြေလူတန်းစားတွေမို့ စရိုက်စုံကြပါတယ်။

အဓိက ကတော့ သူတို့ကို ဘယ်လို ကိုင်တွယ် ဖြေရှင်းနိုင်မလဲ ဆိုသည့် အချက်က အရေးကြီးပါတယ်။ ကျွန်တော် ဒီလိုနှင့် ကျွန်တော်အဆောင်ကို ကိုင်တွယ်လာတာဆိုလျှင် ခုအချိန်မှာ စရိုက်ကြသူ အတော်လေး နည်းပါးသွားပါတယ်။

အားလုံး ခုအချိန်မှာ ပုံမှန်လေးတော့ လည်ပတ်နေပါတယ်။ ကျွန်တော်လည်း တစ်ခါတစ်လေ မင်းသားဖြစ်လိုက် တစ်ခါတစ်လေ လူကြမ်း ဖြစ်လိုက်နှင့်ပေါ့။

ကျွန်တော်သူငယ်ချင်းများ ( ကျွန်တော် မိသားစုများ အပါအဝင် ) ကျွန်တော်ကို ဘာကြောင့် ဒီလောက် စီးပွားရေ ကုန်းရုန်းပြီး ရှာနေတာလဲဟု မကြာခဏ မေးလေ့ ရှိပါတယ်။

ကျွန်တော် အဖြေကတော့ ကျွန်တော် အသုံးလိုသည့် အချိန်မှာ ကျွန်တော် သုံးနိုင်အောင်လို့ပါ။ ( ဖြုန်းဖို့ မဟုတ် သုံးဖို့ပါ )

ပြီးတော့ Backup plan တွေပေါ့ ဒီတစ်ခုက ကမောက်ကမ ဖြစ်ခဲ့လျှင် တစ်ခြားနေရာကနေ ဝင်ငွေလေးများ ရမလားဆိုသည့် အတွေးဖြင့် ယခုကဲ့သို့ ရှာဖွေ နေရခြင်း ဖြစ်ပါတယ်။

ဒါတွေကတော့ ကျွန်တော်၏ အလုပ်တွေထဲက မျှဝေစရာလေးတွေပေါ့။ မျှဝေပေးစရာတွေ ရှိသေးသော်လည်း ဒီနားလေးမှာ ခဏနားပါရစေ

@johndieo
12.7.2022

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center