M2E နဲ့ ကျွန်တော်

P2E play to earn ဂိမ်းများ ထွက်လာပြီးနောက်တွင် M2E move to earn ဂိမ်းများ ပေါ်လာခဲ့သည်

ပေါ်လာသည်မှာ ၂ နှစ်ခန့် ရှိပြီဆိုသော်လည်း မှေးမှိန်သွားခြင်းတော့ မရှိသေးပေ

သို့သော် အရမ်းကြီးလည်း ဖွံဖြိုးမလာသေးပေ

move to earn ဆိုတာကတော့ ကိုယ်လက်လှုပ်ရှား အားကစား လုပ်ခြင်းဖြင့် crypto ငွေကြေးရသည်ကို ဆိုသည်

Hive blockchain တွင်လည်း M2E app တစ်ခုရှိပါသည် ၎င်းမှာ Actifit ဖြစ်သည်

သို့သော် Actifit သည် NFT ဖိနပ်များ ဝယ်ရန် မလိုပေ ထိုနည်းတူ ဝင်ငွေအားဖြင့်လည်း မက်လောက်စရာ မရှိပေ

Stepn သည် Solana blockchain နှင့် Binance Smart Chain တို့ပေါ်တွင် ရှိသော M2E ဂိမ်းဖြစ်သည်

လမ်းလျှောက်ခြင်း ရွရွပြေးခြင်း ပြေးလွှာခြင်းများ လုပ်ဆောင်သူများကို GST GMT crypto များဖြင့် reward ပေးပါသည်

ပိုက်ဆံများများရင်းပြီး ဖိနပ်များများဝယ် gem တွေ ဝယ်ထားသူများသည် တစ်နေ့ကို လမ်းလျှောက်ခြင်းဖြင့် ဒေါ်လာ ဆယ်ဂဏာန်းရှိသော crypto များ ရနေကြသည်

Avalanches blockchain နှင့် Arbitrum blockchain ပေါ်တွင် ရှိသော Runblox ဂိမ်းသည်လည်း M2E ဂိမ်းဖြစ်သည်

Step blockchain ပေါ်တွင် Step App ဆိုသော M2E ဂိမ်းလည်း ရှိပါသေးသည်

ကစားသူများသည် ငွေကြေးများ ရင်းနှီးကာ အရင်းပြန်ရအောင်ပင် မနည်းကစားရမည့် သဘောဖြစ်သည်

ကျွန်တော် ကစားနေသည်မှာ တစ်နှစ်ခွဲခန့် ရှိပြီဖြစ်သည် ပိုက်ဆံတော့ ရသည်ဆိုပေမယ့် အရင်းတောင် မကျေသေးပေ

ကစားချင်သူများအတွက် သိရှိအောင် မိတ်ဆက်ပေးခြင်း ဖြစ်ပါသည်

ကျန်းမားရေး လိုက်စားသူများအတွက်တော့ သင့်လျော်သည် ကျန်းမားရေး လေ့ကျင့်ခန်းလုပ်ရန် motivation ရနိုင်သည်

လေ့ကျင့်ခန်းက မလုပ်လို့ မရတော့ပေ ကိုယ်က ငွေကြေးရင်းနှီးထားပြီးပြီ မဟုတ်ပါလား

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center