ကုန်ဘာလေ ထီထိုးကြလား

ဒီနေ့ ၁ ရက်နေ့ ဖြစ်သည် ကုန်ဘာလေ ထီထွက်သည့် နေ့ဖြစ်သည် ပြီးခဲ့တဲ့လက KBZPay ဖြင့် ကုန်ဘာလေထီ ၁၀ စောင် ထိုးထားသဖြင့် ပေါက်မလား မျှော်သလိုလို မမျှော်သလိုလို ဒါမေယ့် မျှော်တာပါပဲ အလုပ်အကိုင်မရှိတာ ၂ နှစ်ကျော်ပြီဆိုတော့ အလကားရမယ့် ပိုက်ဆံမျှော်သည်

ဒါပေမယ့် ကုန်ဘာလေဆိုသည့် နာမည်အတိုင်းပင် ကုန်ပါသည် ညဘက် application ဖွင့်ပြီး ပေါက်လားကြည့်တော့ ၁သောင်းဆုတောင် မပေါက်ပေ

မိတ်ဆွေတို့ကတော့ ကျွန်တော်ကို ဘောမကြီးဟု ပြောကောင်းပြောမည် ဘောမတာလည်း မဟုတ်ပါ ကိုယ်လိုချင်လို့ ကိုယ်ထိုးခြင်းသာ ဖြစ်သည် အန္တရာယ်မရှိဘဲ ထိုးနိုင်သော ထီမှာ ကုန်ဘာလေသာဖြစ်သည် အမေ့သားသမီးတွေ အကြိုက်ထီကိုတော့ လက်ရှောင်သည် ကိုယ့်အတွက် အန္တရာယ်ရှိသည်

ဘယ်သူ့ထီဖြစ်ဖြစ် ကိုယ်အန္တရာယ် ကင်းဖို့က အဓိကဖြစ်သည်။ စဥ်းစားကြည့်တော့ ကုန်ဘာလေထီထက်စာရင် ရပ်ကွက်ထဲမှာ ထိုးနေကြတဲ့ ၃ လုံးကမှ ပိုတန်သေးသည် ဒါပေမယ့် သိန်း ၅၀၀ ရဖို့ဆိုရင် ၅ သိန်း ထိုးမှ ရမည် မလွယ်ပေ

မိတ်ဆွေတို့ကို ကျွန်တော်လို လိုက်ထိုးရန် အကြံပြုနေခြင်း မဟုတ်ပါ။ မိတ်ဆွေတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါသည်။ တကယ်တန်းကျတော့ လူတိုင်းဟာ ကိုယ့်အလုပ်ဟု ကိုယ်ယူဆသော အလုပ်ကို ကိုယ်လုပ်နေကြခြင်းသာ ဖြစ်သည်

မှတ်ချက်

ကိုယ်အားပေးတဲ့ ဘက်ကတော့ သပ်သပ်ရှိပါတယ်။ စိတ်နဲ့ အားပေးတာပါ။ ခုနောက်ပိုင်း ဆုတောင် မတောင်းဖြစ်တော့ဘူး အာညောင်းလို့ ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center