Hive တွေကိုရော မီးရှို့ပစ်လို့ မရဘူးလား

တလောက google news မှာ သတင်းတက်လာတာ
Shiba Inu ဒင်းဂါးတွေကို ၂၄ နာရီအတွင်း ၅၈၀၀
ရာနှုန်းအထိ မီးရှို့ပစ်လိုက်ကြတယ်တဲ့ ဒါနဲ့ Shiba Inu ဒင်းဂါးပေါင်း ၂၆ သန်းကျော် ၂၄ နာရီအတွင်း
မီးလောင်ပျက်ဆီးကုန်ပါတယ်တဲ့

Cryptocurrency မှာ မီးရှို့ပစ်တာကလည်း
ထုံးစံလားမသိပါဘူး မီးရှို့လိုက်ရင် ဒင်းဂါးတွေက လည်ပတ်မှုထဲမှာ လျော့သွားတော့ ရှားပါးပြီး စျေးတက်လာအောင် လုပ်တာထင်ပါရဲ့

ကျွန်တော် စဥ်းစားမိတာက Hive တွေကိုရော မီးမရှို့ကြဘူးလားပေါ့ Hive ကို မီးရှို့ပစ်လို့ ရှားပါးလာရင် စျေးများတက်လာမလားပေါ့ လူပိန်းအတွေးနဲ့ တွေးကြည့်တာပါ

Hive ကတော့ မီးမရှို့တဲ့အပြင် နေ့စဥ် hive အသစ်တွေ ထပ်တိုးတိုး ထွက်နေတယ် ထင်ပါရဲ့ user တွေကို reward ပေးတဲ့ Hive တွေက နေ့စဥ်တိုးနေတာပါ

ဒီတော့ တစ် Hive ကို တစ်ဒေါ်လာလောက် ဖြစ်လာဖို့ Hive platform ကို သုံးတဲ့သူက Facebook သုံးတဲ့သူလောက် များလာမှ မျှော်မှန်းနိုင်မယ် ထင်ပါရဲ့

ပြီးတော့ Hive supply ကလည်း unlimited အဆုံးမရှိဆိုတော့ နေ့စဥ်တိုးနေဦးမှာပါ Hive မှာလည်း သူ့နည်းပညာနဲ့သူ ရှိချင်ရှိမှာပေါ့ ကျွန်တော် မသိတာ ဖြစ်နိုင်ပါတယ်

Shiba Inu မီးရှို့တဲ့ ဆောင်းပါး ဖတ်ချင်ရင်တော့ အောက်က လင့်မှာ ဖတ်နိုင်ပါတယ်

https://u.today/shib-burns-skyrocket-5803-with-264-million-shiba-inu-ablaze

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center