သူ ဈေးတက်မဲ့အချိန်။

img_0.7621092795142147.jpg

ဘာရယ်မဟုတ်ဖူး ယနေ့တော့ ခေါင်းထဲ
အတွေးထဲ ပေါ်လာသည်များ ချရေးမည်။
ရေးမည်ဆိုတော့ ဘာရေးမတုန်း။
ပထမဦးစွာ ဆရာသမားများကို မေးရပါမည်။
ကိုယ်တွေရဲ့ Leodex မှာ Delegate
လုပ်ထားသော CCC 3200 ကို
မလုပ်ချင်တော့၍ ပြန်ဖျက်တာ ဖျက်မရပါ။
Undelegate လုပ်တာ အောင်မြင်ပါသော်လည်း
ကိုယ့်ဝေါမှာ ပုံမှာ ပြထားတဲ့အတိုင်း
ပေါ်နေသည်။

Screenshot_20220917-140029_Chrome.jpg

နောက်တခု မေးချင်းသေးတာ။ ဘာပြုလို့
Hive ဈေးက တဒေါ်လာအထိ
မတက်ရသေးသတုန်း။ မေးချင်ထာ။
မြန်မာပြည်မှာ ကုန်ဈေးတွေ ဒီလောက်
တက်နေထာ အဲ့ ဟိုက်က နည်းနည်းလေးမှ
လိုက်တုပြီး မတက်ဖူးလား။
စိတ်ကူးမိတာပါ။

Hive ဈေး တဒေါ်လာ၊ ဆယ်ဒေါ်လာဖြစ်
ပါရင် ကိုယ်တွေ အသက်ရှုချောင်ပေမည်။
ခုရော အသက်ရှုကြပ်နေလို့လား။
ခုတော့ အသက်ရှုရတာ အားနာရလို့ပါ။
အားနာ ပါးနာရှုနေရတဲ့ အသက်ကို
အားမနာတမ်း ရှုချင်လို့ပါလေ။

ကိုယ်တွေလို အသက်ရှုကြပ်နေသူများကိုလည်း
ချောင်လည်အောင် ကူညီပေးချင်ပါတယ်လေ။
ခက်တာက Hive မည်သည့်အတွက်ကြောင့်
ဈေးက မတက်ရပါသနည်း။ ကမ္ဘာကြီးက
မငြိမ်းချမ်းသေးလို့လား။ စီပွားရေးကပ်
ဆိုက်တော့မည်ဟု ပြောသံကြားရသည်။
ဆိုတော့ အဲ့စီးပွားကပ်ကြီးဆိုက်ရင် ကိုယ်တွေ
Hive ကို ထိခိုက်နိုင်ပါသလား။

စဉ်းစားရင်း တွေးရင်း ခေါင်းရှုပ်နေပြီ။
ခေါင်းရှုပ်မနေပါနဲ့ သူတက်သင့်တဲ့အချိန်
တက်ပါလိမ့်မယ်။ ရေးစရာရှိသာတာ ရေး။
သူဈေးတက်တဲ့အချိန်မှာ ကိုယ်တွေလက်ထဲ
Hive Power များများရှိထားဖို့က အရေးကြီး
ဆုံးပါလေ။

@htwegyi
30-9-2022

H2
H3
H4
3 columns
2 columns
1 column
9 Comments
Ecency