သမမျှတ စား စား။

img_0.7621092795142147.jpg

ကလေးများကို ကျွေးမွေးပြုစုကြသည်။
ထိုသို့ ကျွေးမွေးပြုစုရာတွင် မြန်မာကလေး၊
တရုတ်ကလေးနှင့် ဂေါ်ရခါး၊ ဟိန္ဒူကလေးများ၏
စားသုံးမှု ပုံစံက ကွဲပြားသည်။ အဘယ်ကြောင့်
ကွဲပြားသည်ဆိုပါမူ တူမ၏ ကျောင်းမှ
ထိုကလေးများ ထမင်းချိုင့်များကို ကြည့်၍
ဖြစ်သည်။

ကိုယ်တွေလည်း တူမ၏ကျောင်းမှ အဖြစ်အပျက်
များနှင့် သူ့ပြောကြားချက်များကို ပြန်လည်
တဆင့် ရေးသားရသည်။ သူ့ ပြောစကားများမှ
ကုန်ကြမ်းများစုရသည်။ နို့မို့ ပိုစ့်ရေးဖို့
တခါတလေ ဘာရေးရမည် မသိ ဖြစ်‌သည်။

ကလေးများ စားသုံးမှု ပုံစံကို ဆက်ကြအုံးစို့။
တရုတ်ကလေးများက အများအားဖြင့်
ထမင်းစားချိန်မှ ထမင်းချိုင့်များ လာပို့သည်။
ထိုသို့ပို့ရာတွင် အသီးအရွက်နှင့် ဟင်းရည်
ပူပူလေးများပါသည်။ အသားနှင့် အရွက်
ညီမျှစွာ စားသုံးကြသည်။

ဂေါ်ရခါး၊ ဟိန္ဒူကလေးများ၏ စားသုံးမှုက
ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်။
အားလူး၊ ပဲနှင့် နွားနို့များဖြစ်သည်။
ဟိန္ဒူကလေး ကလေးတို့က ပဲဟင်းကို
အဓိက စားသည်။ သူရို့ပဲဟင်း ဆိုသည်ကလည်း
ပျစ်နှစ်၍ မွှေးကြိုင်လှသည်။ စားချင်စဖွယ်
ကောင်းသည်။

ဂေါ်ရခါး ကလေးများကမူ နွားနို့နှင့် ငှက်ပျော်သီး
များကို အဓိကထား၍ စားသည်။ အသီးအရွက်များ
လည်း စားသည်။ အသား၊ ငါး စားသုံးမှု
အနည်းငယ်သာ တွေ့ရသည်။ ဒီတော့
တူမ က သူရို့ကို မှတ်ချက်ပေးသည်။
အစားအသောက်အတွက် ကုန်ကျမှု
အတော်နည်းမည်ဟု ပြောသည်။

မြန်မာကလေးများ၏ ထမင်းချိုင့်များသည်
အများအားဖြင့် ကြက်သားကြော်များဖြစ်သည်။
ကြက်သားကြော်ကိုပင် ဆိုင်မှ ကြော်သော်
ကြက်သားကြော်က များသည်။ အချဉ်ထုပ်လေး
များဖြင့် အသင့်ကြော်စား စီပီကြက်ကြော်
များဖြစ်သည်။ အဓိက အားဖြင့် ဟင်းအရည်
မပါဝင်ခြင်းဖြစ်သည်။

ထိုအရာများကို ကြည့်ခြင်းအားဖြင့် ကလေး
များ၏ ဖွံထွားမှု၊ ဖွံ့ဖြိုးမှုများက ထိုအစား
အသောက်များအတိုင်း ကွာခြားနေမည်ဖြစ်သည်။
မိမိတို့ အိမ်များမှာတော့ မည်သို့စားကြမည်
မသိပေ။ အသီး၊ အရွက်၊ အသား၊ ပဲနှင့်
ဟင်းအရည်များကို သမမျှတစားကြပါလေ။

@htwegyi
24-3-2023

H2
H3
H4
3 columns
2 columns
1 column
9 Comments
Ecency