ထန်းမြစ် ဒီဇင်ဘာ အတွေး။

စက္ကန့်တို့က တရွေ့ရွေ့
မိနစ်များဆီသို့၊
မိနစ်များက တရွေ့ရွေ့
နာရီများဆီသို့၊
နာရီများမှ ရက်
ရက်မှ လသို့ အခါခါ အလီလီ ပြောင်းခဲ့သည်။
လတွေကုန်ပြန်တော့ နှစ်ကို ချီခဲ့သည်။
ဤသို့ဖြင့် နှစ်တနှစ်ကုန်၍ နောက်တနှစ်သို့
ရောက်ခဲ့ပြန်သည်။

ဒီလိုနှင့် အသက်တို့က
နှစ်ဆိုသည့် ကိန်းဂဏန်း
ကို အခြေပြု၍ ထပ်တိုးလေသည်။
ထပ်တိုး ကိန်းဂဏန်းများနှင့်အတူ
ခန္ဓာကိုယ်ကြီးက ယိုယွင်းပြိုခြင်းရှိသလို။
ဖွံ့ဖြိုး ဆင့်တိုးသူ
ငယ်ရွယ်သူများလည်းရှိသည်။

နှစ်တနှစ် ကုန်သည့်အခါ၊
အဖြစ်သနှစ်တို့သည်လည်း အစုံရှိခဲ့လေသည်။
စုံစိနဖာ၊ အစုံရှိသည့်အခါထဲ
အပျော်ဆိုတာ အတော်ရှာရခက်ခဲ့သည့်
ဝေဒနာတခုလိုပါလေ။

ပျော်သူတွေ ပျော်ကြပေသိ
ငိုသူတွေအတွက် မျက်ရည်စို့သူက
နည်းခဲ့လေသလား။
ခက်ခဲသောခရီးမှန်းသိပါလျှက်
အံခဲပြီး လျှောက်ခဲ့ကြပြီပဲ
ခရီးဆုံးထိ လျှောက်ဖို့
ဘာကို တွေဝေနေမှာလဲလေ။

ဒီလိုပါပဲ
ဒီဇင်ဘာထဲက ဝေမလိုလို
ကြွေမလိုလို နှင်းတွေထဲ
အတွေးတွေက တွေးမဆုံး ငေးမဆုံး။
တွေးမဆုံး ငေးမဆုံးမှာပဲ
အုန်းကနဲ့ ဝုန်းသံကြား
ဘာသံလဲ နားစွန့်လိုင်တော့
မြောက်အရပ်က လာတဲ့အသံပါပဲ။

ဟက်ပီးနယူးရီးယား မှာ
ဖောက်တဲ့ ဗျောက် ငါမကြောက်
ဆေးတံကြီးနဲ့ ခေါက်။
ဆရာ ဘုန်းနိုင်၏ နွေကန္တာဦးမှသည်
ဒေါ်ကြည်ကြည်ဌေး ၏ အသံကို ကြားယောင်မိ။

ဒီဇင်ဘာကို နူတ်ဆက်
2024 ကို စောင့်ကြိုရင်း
ခြံထဲမှာ မီးလှုံ၊ ထင်းတုံးက မီးခဲ ရဲသမို့၊
ထန်းမြစ်ဖုတ်လေး စားနေသည်။

@htwegyi
January 2, 2024

H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency