စိတ်ရွက်လွင့်ခြင်း

img_0.7621092795142147.jpg

စာရေးသည်ဆိုသည်မှာ ရေးသူသည်
အပူအပင် မရှိပါမှ စာရေးလို့ကောင်းပေမည်။
စိတ်ကြည်လင်ပါမှ စာရေးကောင်းမည်။
ခံစားမှု တခုရရှိပါက စာရေးရတာ ပိုသွက်သည်။
ခုတော့ အထက်‌ ဖော်ပြပါကိစ္စများအနက်
ခံစားမှု တခုသာ မနည်း လုပ်ယူ၍ စာရေး
နေရသည်။

ခံစားမှုဆိုသည်ကလည်း အချစ် အလွမ်း
စွန့်စားခန်းများမပါ စားဝတ်နေရေး ခံစားမှုသာ
ရှိသည်။ ဒီတော့ ဒီစာက အဘယ်ကြောင့်
စိတ်ဝင်းစားဖွယ် ကောင်းပါမည်နည်း။
ငယ်စဉ်က စာဖတ်လျှင် ဝတ္ထုစာအုပ်၏
နောက်ပိုင်းကို ဦးစွာလှန်ဖတ်သည်။
မင်းသား မင်းသမီး ညားသည်ဆိုမှ
ထိုစာအုပ်ကို ဖတ်ပါသည်။

img_0.954313344148968

ယခုတော့ အသက်ကလေးနည်းနည်းများ
လာတော့ အချစ် အလွမ်းစွန့်စားခန်းများ
ဖက် မလှည့်မိတော့။ ဗဟုသုတနှင့် တရား
ဖက် နည်းနည်းလေး အလေးသာမိသည်။
အများကြီးမဟုတ်ဖူး နည်းနည်းလို့ရေးထာတာ။
Cryptocurrency တွေဖက်လည်း အနည်းငယ်
ခြေဦးတည်မိသည်။

ခုချိန်မှာ စိတ်က လေနှင်ရာလွင့်ပါးတဲ့
မိုးတိမ်လို တရွေ့ရွေ့နှင့် ရွက်လွင့်နေဆဲ။
ဘယ်အချိန်မှ တည်ငြိမ်မည်မသိသေး။
လေးဆယ်ကျော် ငါးဆယ်အတွင်းဆိုတော့
စိတ်ကစားတတ်တဲ့ အရွယ်မဟုတ်တော့ပေ။
စိတ် မကစား သည်ဆိုတော့ စိတ် ဆော့
တတ်တဲ့အရွယ်လား။ စိတ်လည်း မကစားနဲ့
စိတ်လည်း မဆော့နဲ့။ မဆော့နဲ့ တော်ရေ
မျော့တွယ်တတ်တယ်ဆိုလား။ စိတ်ကို
ငြိမ်းအေးအောင် ကြိုးစားပါလေ။

@htwegyi
28-6-2022

H2
H3
H4
3 columns
2 columns
1 column
7 Comments
Ecency