သူများတင်လို့ မတင်နိုင်

image

ဒီနေ့တော့ ဘာရေးရမှန်းမသိတာနဲ့
လျှောက် ကလိကြည့်သည်။
သူများတွေ Dbuzz ဆို၍ Dbuzz ရန်
သွားရောက်လေ့လာမိသည်။
လေ့လာသည်ဆိုက မသိ၍သွားမေးရသည်။
စက္ကူကို ပုံသဏ္ဍန်းအမျိုးမျိုးလုပ်ပြ၍
ပိုစ့်ရေးတင်သည့် ဆရာမယွန်းသီရိ
အားမေးကြည့်ရသည်။

သူမက Dbuzz လင့်ကို ချပေး၍
အဆိုပါလင့်မှ ဝင်ရောက်၍ ပိုစ့်တင်ရန်
ပြောပြပါသည်။ သူများတွေ
ဆရာသမားအချို့က ဒီ Dbuzz ကနေပြီး
ပိုစ့်တွေတင်နေတော့ ကိုယ်လည်း
တင်ကြည့်မည်ပေါ့။ အဲ့တော့
ပေးထားသော လင့်ကနေ ဝင်ရောက်ပါသည်။
အဲ့မှာ သူက posting key နဲ့ ဝင်ရောက်ရမည်
ဖြစ်သည်။ အဲ့ posting key မှာ
ပြဿနာတက်ပါတော့သည်။

posting key ကို peakd မှာ သွားရှာသည်
ရှာမရပါ။ Hive မှာ သွားရှာရာ Wallet
မှာ ရှာသောအခါ တွေ့သည်။ အဲ တွေ့
ဆို အမဲစက်ကလေးတွေသာပြထားသည်။
Steemit မှာဆို အဲ့ posting key က
တန်းပြီး ရတာကလား။ အဲ အဲ့အမဲစက်
လေးတွေကို စာလုံးလေးတွေဖြစ်အောင်
လုပ်တာ မရဘူးဗျို့။

20210720_143710.jpg

Screenshot_20210720-143546_Samsung Internet.jpg

ဒီလိုကြီးပုံပါအတိုင်းတွေ့နေရတာ။
အဲ့တာနဲ့ ဒီအမဲစက်ကို ဘယ်လိုရအောင်
လုပ်ရပါ့။ ဟိုကလိ၊ ဒီကလိနဲ့ နောက်ဆုံး
မရရော။ အဟဲ ရတာမဟုတ်ဖူးနော့။
တော်ပြီ မရလဲနေ ငါ့ hive အကောင့်လေး
ပျက်သွားမှဖြင့် ဒုက္ခဆိုပြီး ပစ်ထား....
အဲ ပစ်ထားမယ်မထင်နဲ့။

ဟိုယခင်က steemit ရဲ့ သိမ်းထားတဲ့
မှတ်ထားတဲ့ posting key နဲ့ ဝင်ကြည့်တော့
ရသဗျို့။ ဒါနဲ့ Dbuzz မှာ ပိုစ့်တင်ကြည့်မယ်ပေါ့။
ဘာတင်ရမှန်းမသိတာနဲ့ ဒီစာရေးပြီး
Peakd က Hive Myanmar ကော်မတီ
မှာပဲ ပိုစ့်ရေးတင်မိတော့တာပါပဲလေ။
😀😁😆

မှတ်ချက်။ hive က posting key ရှာနည်း
ပြောပြ၊ ရေးပြကြပါအုံး ဆရာသမားတို့။

@htwegyi
20-7-21

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency