ပျင်းရင်း ဖျင်း။

img_0.7621092795142147.jpg

မြတ်စွားဘုရား၏ တရားများသည် ယနေ့ခေတ်နှင့်
ကိုက်ညီသည်။ ခေတ်အလိုက် အပ်တူဒိတ်ဖြစ်သည်။
ကျွန်တော်မှာလည်း ရေးစရာက စဉ်းစားမရ။
စိတ်မပါ စိတ်မကြည်သည့်အခါ စာရေးဖို့
ပျင်းမိသည်။ ဒီတော့ ပါချုပ်ဆရာတော်ကြီး၏
တရားများကို နားယူရသည်။ ဖော်ပြပါအတိုင်း
တရားတော်များက ခေတ်အလိုက် ခေတ်နှင့်
အညီ ရှိလှသည်။

သံဃာတော်များသည် ဘုရား၏ တရားတော်များမှ
ပြန်လည်းဟောပြောကြသည်။ ဟောကြားသော
နားကြားရသော တရားများက တခုနှင့်တခု
မတူ ကွဲပြားသည်။ ထပ်နေသည်ဟု မရှိ။
ယခုအချိန်မှာ စိတ်က တည်ငြိမ်းမှုမရှိပါ။
ဆရာတော်၏ တရားကို နားယူကာ
စိတ်တည်ငြိမ်းမှု ရယူရသည်။

စာရေးမည်စိတ်ကူးသည့်အခါ ကိုယ်ရေးမည့်
အကြောင်းအရာကတခု လက်မှ ရေးမိသည်
က တခု ဖြစ်နေတတ်သည်။ ကိုယ်က ငပျင်း
ဆိုတော့ လက်မှရေးရာ ခေါ်ရာသို့ အသာလိုက်
ပါကာ ရေးမိသည်။ ကိုယ်တွေးထားသည့်
အကြောင်းအရာကို မရေးပဲ လက်မှ
ခေါ်ဆောင်ရာကို ဦးနှောက်က လိုက်ပါသည်။

လက်နှင့် ဦးနှောက်က ကျွန်တော်၏ အတွေးကို
ဆန့်ကျင်ကြပေသည်။ အတွေးဆိုသည်က
သူတွေးနေသည့်အချိန် တွေးမိသည့်အခိုက်မှာ
ရေးပါမှ ဖြစ်ပေမည်။ နို့မို့ မေ့သွားသည်။
မေ့သွားသည့်အတွေးကို လိုက်ဖမ်းရသည်က
အတော်ခေါင်းစားပြန်သည်။ ဒီတော့
ပေါ်လာသည့် အတွေးကို လက်က အလျှင်အမြန်
ရေးပါမှ အဆင်ပြေသည်။

အဲ့သလို ရေးဖို့က ညအချိန်ဆို ခက်ခဲသည်။
ညအချိန် ဖုန်းထဖွင့်ပါက အမှောင်ထဲမှ
ဖုန်းအလင်းရောင်ကို မကြည့်နိုင်ပါ။
ကိုယ်တွေ မျက်စိက ချွေတာရသည်။
စာရေးဖို့ ဘောပင်နှင့် စက္ကူကိုင်ဖို့ကလည်း
ပျင်းသည်။ ဒီတော့ ပျင်းရင်း ဖျင်းနေမိသည်။
တနေ့ တပိုစ့်ရဖို့ ဒီလိုပဲ ရှာကျန်ဖျစ်ညှစ်
ရေးနေအုံးမည်။

@htwegyi
11-9-2022

H2
H3
H4
3 columns
2 columns
1 column
11 Comments
Ecency