ပျော်ပွဲစားပါဗျို့နှင့် သူခိုးကြီးည

image

ဆေးပေါင်းခတဲည၊ သူခိုးကြီးည ဘာည
ညာည ဆိုပြီး တန်ဆောင်မုန်းညမှာ
ကဲတဲ့သူတွေသိဖို့။ တန်ဆောင်မုန်းလသည်ကား ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ ကုသိုလ်ကောင်းမှု
ပြုရာပွဲတော် အများဆုံးသော ကာလဖြစ်သည်။
ကုသိုလ် အများဆုံးပြုတဲ့လက တဖြည်းဖြည်းနှင့်
အရက်သောက်ပွဲတော်ကြီး၊ ယမကာပွဲတော်ကြီး
ဖြစ်မှန်မသိဖြစ်လာသည်။

"ပျော်ပွဲစားပါဗျို့"

ကလေးများရဲ့ ဒီအသံကိုကြားရင် ကိုယ်တွေ
ငယ်စဉ်ဘဝ ပြန်သတိရမိလို့ လာသမျှ
ပျော်ပွဲစားတောင်းသည့်ကလေး ကိုယ်တတ်နိုင်သလောက် အလှူငွေလေးထည့်ပေးသည်။
ကိုဗစ်ကာလဆိုတော့ ဒင်းလေးတွေကို
မက်စ်မတပ်ရင် ပျော်ပွဲစားမပေးဘူးလို့
ပြောရတာအမော။

"ပျော်ပွဲစားပါဗျို့"

img_0.437800056466322.jpg

ဟော့ ဒါက လူကြီးများအဖွဲ့ ကာလသားဟင်း
ချက်စားဖို့တဲ့။ ရသေးတယ် ကာလသားဟင်း
ရဲ့နောက်မှာ ယမကာလေးတွေပါလာတယ်။
ဒါထုံးစံလိုဖြစ်နေ၍ ပြဿနာမရှိသေး။
ပြဿနာက ခုနောက်ပိုင်း ယနေ့
သူခိုးကြီးညပေါ့။

"ပျော်ပွဲစားပါဗျို့" ဆိုပြီး အလှူခံကြသည်။
အမျိုးသားထုပါမက ယခုသူခိုးကြီးညမှာ
အမျိုးသမီးထုကလည်း ပျော်ပွဲစားပါတဲ့။
ပျော်ပွဲစားအလှူခံရာတွင် ကျွန်တော်တို့
အများစု သိထားသည်မှာ။ အမျိုးသားထုက
ကာလသားချက် ချက်စားမည်။
အမျိုးသမီးထုက မုန့်လုံးရေပေါ် လုပ်စားမည်။
မယ်ဇလီဖူးသုပ်ကျွေးမည်။

သို့သော် အဆိုပါပုဂ္ဂိုလ်တို့သည် ယခုကာလမှာ
အဆိုပါ ထုံစံ လမ်းကြောင်းမှ သွေဖည်းကာ
အမျိုးသမီးနှင့် အမျိုးသားတို့သည် အပြိုင်
အဆိုင် သောက်ပွဲကြီးသာ ကျင်းပကြပါလေ
တော့သည်။ ယစ်မူးသူတို့ ထုံစံအတိုင်း
တစ်ဦးကိုတစ်ဦးတွဲကာ ညအချိန်မတော်
အော်ဟစ်သီဆို ကခုန်ပျော်ပါးကြလေသည်။
မယ်ဇလီဖူးသုပ်တို့၊ မုန့်လုံးတို့၊ ကြက်သား
ကာလသားချက်တို့က ပျောက်ဆုံးခြင်း
အတိ ရှိချေတော့သည်။

မှတ်ချက်။ ငထွေးတို့ရပ်ကွက်ဖြစ်သည်။
အခြားရပ်ကွက်များမသိပါ။

@htwegyi
30-11-2020

H2
H3
H4
3 columns
2 columns
1 column
4 Comments
Ecency