ပါရမီရှင် ဖြစ်ဖို့။

img_0.7621092795142147.jpg

ပုံမှန်ဆိုပါရင် ယနေ့ ပါချုပ်ဆရာတော်ကြီး၏
တရားနားကြားပြီး ဆရာတော်ကြီး၏ တရားမှ
ကိုးကား ကူးယူဖော်ပြကာ ဖြတ်ညှပ်ကပ်လုပ်၍
ပိုစ့်တခု ရရန်ရှာကြံရေးမည်။ ယခုတော့
တရားမနားနိုင်ပဲ အိပ်ငိုက်သွားသည်။ ပိုစ့်
ကိုပင် ကမန်းကတန်း ရေးရတော့သည်။

ကမန်းကတန်း ရေးရသည်ဆိုတော့
ကမန်းကတန်း စဉ်းစားရပြန်သည်။
စဉ်းစားရမည်ဆိုတော့ ငပျင်းတို့သဘာဝ
ခေါင်းထဲ ပေါ်လာတာ ချရေးလိုက်သည်။
တောင်ရေး မြောက်ရေး၊ ဟိုဟာရေး
ဒီဟာရေး စိတ်ထဲ ပေါ်လာတာ ချရေးလိုက်သည်။

ကျွန်တော်ငယ်စဉ်က ဝတ္ထုတအုပ် ဖတ်သည့်အခါ
ပထမဦးစွာ စာအုပ်၏ နိဒါန်းခေါ်မလား
ဇာတ်ပျိုး ခေါ်မလား အဲ့စာမျက်နှာများကို
ဖတ်သည့်အခါ စိတ်ဝင်စားစရာရေးထားပါက
စိတ်ရှည်စွာ စိတ်ပါစွာ ဖတ်မိသည်။

အဲ အချို့စာရေးဆရာ အထူးသဖြင့် အနုအလှ
စကားလုံးကြွရွများဖြင့် ရေးထားသည့် စာများ
ဆိုပါရင် ကျော်ခွဖတ်သည်။ စ စချင်း စိတ်ဝင်
စားဖွယ်ရေးသားထားသည့် စာနှင့် အနုအရွ
လေးများရေးသားသည့်စာများက စာရေးဆရာ၏
ကြိုးပမ်းအားထုတ်မှုများပင် ဖြစ်ပေသည်။

ကိုယ်တွေ Hive မှာ စာရေးသည့်အခါမှ
စာတပုတ် တပိုတ် ရဖို့အရေး ခေါင်းပူအောင်
စဉ်းစားရသည်။ စာရေးဆရာများ စာအုပ်
တအုပ်ပြီး တအုပ်ရေးနိုင်ကြသည် စဉ်းစား
နိုင်ကြသည်မှာ ချီးမွမ်းဖွယ်ကောင်းလှသည်။

သူရို့ကတော့ ပါရမီရှင်များ ဖြစ်ပေသည်။
ကိုယ်တွေကတော့ ယာယီရှင်များ ဖြစ်နေသည်။
ဟိုက်မှာ ဒေါ်လာ ရဖို့အရေး ဒို့အရေး
အကြောင်းပြု၍ စာရေးနေသည့်
ယာယီရှင်ဖြစ်သည်။ ဟိုက်မရှိပါက
ကိုယ်တွေလည်း စာရေးမည်မဟုတ်ပေ။
မည်သို့ပင် ဖြစ်စေ ဟိုက်ယာယီရှင်များ
ပါရမီရှင်ဖြစ်ဖို့ Hive ဈေးတက်ဖို့ပင်
ဖြစ်ပေတော့သတည်း။ ဆိုင် ဆိုင်
မဆိုင်ဆိုင်။

@htwegyi
16-9-2022

H2
H3
H4
3 columns
2 columns
1 column
8 Comments
Ecency