နွေရောက်မှာ စိုးကြောက်တယ်။

img_0.7621092795142147.jpg

နွေရာသီမှာ အယ်နီညိုလာတော့မည်တဲ့။
ပူလောင်နေသူတွေရင်ထဲ နောက်ထပ် အပူ
ဆိုတာက မပြောပလောက်တော့ပါ။ ကိုယ့်အပူ
သူ့အပူ အများ၏ အပူတွေနဲ့ ကမ္ဘာကြီးပူလာတာ
ထူးပြီး မဆန်းတော့ပါလေ။

ဆောင်းမှာ မီးပူ၊ နွေမှာ နေပူ အပူတကာ့အပူ
တွေထဲ ရင်ဝက အပူက သာပြီးဆိုးပေသည်။
လူတိုင်း ရင်မှာ အပူကိုယ်စီရှိကြသည်။
ကိုယ်စီ အပူရှိသည်ကိုမှ နောက်ထပ် ရာသီနွေ
အပူက သာချင်သေးလားကွယ်။

ဖေဖော်ဝါရီမှ ဇွန်လအထိ အယ်နီညိုကြောင့်
ပို၍ ပူကြရပေအုံးမည်။ အပူကို ကာကွယ်ရန်
သတိပေးနေပေသည်။ နွေနေအပူ ဆိုသည်က
ဆောင်းမှာ နှင်းတွေကျရင် လိုတတ်ပေမင့်
နွေလယ်ခေါင်မှာတော့ ငြိုငြင်မိသည်။ သို့ပေသိ
ဆောင်းနှင်းပွင့်တို့ကိုတော့ နွေမှာသတိတရ
ရှိနေပြန်ပါသည်။

လူ့အလို နတ်မလိုက်နိုင်သလို နွေအပူကို
မည်သို့ အန်တုကြမလဲလေ။ နွေရောက်ပြီဆို
ဥဩ က ကြိုပြီး ရောက်နှင့်သည်။ လျှပ်စစ်က
ယခုထဲက ကြိုပြီးပျက်နေသည်။ မီးမလာရင်
ရေက ခက်ခဲပေမည်။ နွေမရောက်မှီ ကြိုပြီး
တွေးပူရန်ကော။

ပြောချင်သလို ပြောပါလေ။ ဆောင်းမှာအေး၊
မိုးမှာ ရေလျှံ နွေမှာ အပူဒဏ်ခံရသည့် အိမ်ငယ်မို့
ကြိုပြီး ပူပန်ရသည်။ လူမမာ အမေကို ယခုနွေ
အယ်နီညိုမှာ မည်သို့ ဖြတ်သန်းခိုင်းရပါ့။
ကိုယ့်အပူ ကိုယ်သာ သိသမို့။ Hive ဈေးတက်ရင်
ဖြင့် ကောင်းပေစွ။ အချိန်မှီ ရာသီလုံအိမ်လေး
တလုံးဆောက်လိုက်ချင်သပ။

@htwegyi
24-1-2023

H2
H3
H4
3 columns
2 columns
1 column
8 Comments
Ecency