နွေနှင့် စစ်ကိုင်းအသုပ်။

ဟိုးယခင်နှစ်များဆီက ယခုလိုအချိန်ရောက်ပြီဆို
လူတိုင်းနီးပါး မကြာမီရောက်တော့မည့် အတာ
သင်္ကြန်ပွဲတော်အတွက် ကြိုတင်ရင်ခုန်နေကြသည်။

ယခုအချိန်မှာတော့ သင်္ကြန်ပွဲတော်အတွက်လည်း
ရင်မခုန်အား၊ ရင်ခုန်ဖို့နေနေသာသာ ရင်တုန်
နေကြရသည်။ သူသူ ငါငါ ကိုယ့်မိသားစုမှာ
ယောင်္ကျားလေးမရှိ‌သော်လည်း ကိုယ့်အသိ
မိတ်ဆွေများအတွက် စိတ်မကောင်းဖြစ်ရ၊
ရင်မအေးကြရပေ။

အတာကူးသော ယခုနှစ် တန်ခူးလအတွက်
သိကြားမင်းက မီးတုတ်ကြီးကိုင်ပြီး ဆင်းသလား။
သေနတ်ကြီးထမ်းပြီး ဆင်းသလား မသိပေ။
လူတိုင်ရင်မှာ အပူမီးတောက်ကြရသည့်
ဒီနွေပူကိုတော့ မေ့ကြမည် မထင်ပေ။

ကိုယ်တွေနေသော ဒေသမှလူများအဖို့
အဆိုပါ ကိစ္စဖြင့် ခေါင်းမီးတောက်နေပေသိ။
လွတ်မြောက်သော စစ်ကိုင်းနယ်မြေဖက်ဆီမှာဖြင့်
သာသာယာယာရှိသည်။

ထို‌စစ်ကိုင်းဒေသရှိ ရွာအချို့တွင် မီတာခကို
ယခုအချိန်ထိ ပေးဆောင်ရခြင်းမရှိပေ။
တနေ့က စစ်ကိုင်းသို့ သွားခဲ့သောတူမက
ပြောပြခြင်းဖြစ်သည်။ ငါးမျဉ်းစောင်းဆို
ဒုက္ခရောက်ရှာသော သူတို့ခများ ခုလိုလေးလည်း
အဆင်ချောတာလေး ရှိကြမှပေါ့။

စစ်ကိုင်းမှာ အသီးအရွက်ပေါ၍ထင်ပါသည်။
စစ်ကိုင်းမှ အသုပ်များက စားကောင်းသည်။
စစ်ကိုင်းနှင့် မန္တလေး လမ်းဘေးရှိ လက်ပံပင်
များကလည်း ပေါလှသည်။ အိုးဝေရပ်၍
လက်ပံပွင့်များကောက်ခဲ့သည်။ လက်ပံပွင့်နှင့်
ခရမ်းသီးရော၍ ချက်စားကောင်းသည်။

စစ်ကိုင်းအပြန် တူမ ဝယ်ခဲ့သော
စစ်ကိုင်းအရွက်သုပ်များက စားကောင်းသည်။
သမားမုန်းအသုပ်ကလည်း စားကောင်းသည်။
တရုတ်စကားအသုပ်ကလည်း စားကောင်း
သည်။ မိတ်ဆွေတို့ စစ်ကိုင်းရောက်ပါရင်
စစ်ကိုင်းအရွက်သုပ်လေးတွေ စားဖြစ်အောင်
စားကြပါဗျို့။ တခါတရံ Hive မှာ ဖုဘလော့ဂါ
မိပါသည်။

@htwegyi
March 22, 2024

H2
H3
H4
3 columns
2 columns
1 column
16 Comments
Ecency