MPT က နိုးပါတဲ့။

img_0.7621092795142147.jpg

ပြီးခဲ့သောရက်တွေက MPT ရုံးမီးလောင်းသည်။
ထိုကြောင့် MPT ဖုန်းလိုင်းများ အင်တာနက်မရ၊
ဖုန်းဆက်မရဖြစ်ခဲ့သည်။ ကိုယ်တွေဖုန်းမှာ
MPT နှင့် တယ်လီနော် နှစ်ကတ်သုံးသည်။
နှစ်ကတ်အနက် MPT လိုင်းကို မသုံးဖြစ်ပေ။
တယ်လီနော် သာအသုံးများသည်။

ဆိုတော့ ယခုအခါ MPT က သူပျက်ကွက်ခဲ့
သည့်အတွက် ဝန်ဆောင်မှုသဘော ပြန်ပေးသည်။
ထိုအကြောင်းကို @nweoomon က ဖုန်းဆက်
အကြောင်းကြားလာသည်။ MPT 99811 သို့
1 ဟု မက်ဆေ့ပို့၍ ငွေနှစ်ထောင်ရယူနိုင်သည်။

ဒီတော့ ကိုယ်တွေလည်း MPT သို့ ဖော်ပြပါအတိုင်း
မက်ဆေ့ပို့ကြည့်သည်။ ကိုယ်က မြန်မာလူမျိုး
ပီသသည်။ ဒါမျိုဆို လာထားပေါ့။ MPT
ကလည်း ပြန်လည်း အကြောင်းပြန်သည်။

"မင်္ဂလာပါ အစီစဉ်ကို စိတ်ဝင်စားသည့်အတွက်
ကျေးဇူးတင်ပါသည်။ ပရိုမိုးရှင်း အစီစဉ်ကို
မရယူနိုင်ပါ"

ဟုဖြေကြားလာသည်။ သူ့ဖုန်းလိုင်း မသုံး၍
သူက ထိုသို့ အကြောင်းပြန်ခြင်းဖြစ်သည်။
MPT ကို အသုံးပြုနေသူများအတွက်တော့
ရရှိပေမည် ထင်ပါသည်။ ထိုဝန်ဆောင်မှုကို
ရရှိရန် သုံးစွဲသူထံ MPTက မက်ဆေ့ပို့သည်။

ကိုယ်တွေကတော့ လာသမျှ မက်ဆေ့ မဖတ်
သည်ကများသည်။ မဖတ်ပဲ တန်းပြီး ဖျက်ပစ်
တတ်ပေသည်။ ကိုယ်တွေထံတော့ မက်ဆေ့
ပို့ မပို့ မသိပါပဲ သွားတောင်းသည်။ ဒီတော့
MPT က နိုးပါတဲ့။ MPT သုံးစွဲသူ
မိတ်ဆွေများ သိသူ မသိသူများ ပြုလုပ်ချင်သပ
ဆိုပါရင် 😁။

@htwegyi
12-2-2023

H2
H3
H4
3 columns
2 columns
1 column
21 Comments
Ecency