မိုးရာသီ မြင်ကွင်း

img_0.7621092795142147.jpg

မနက်ခင်း အိပ်ယာထ ငှက် ကျေးသံ
တီတီ တူတူ ကျလိကျလိ နှင့် ရှဉ့်တို့၏
တဂီးဂီး အော်သံများဖြင့် နိူးထခဲ့သည်။
ခြံအတွင်း ရေဝင်နေမှုက အနည်းငယ်
ကျဆင်းသွားသည်။ ကျွန်တော့်တို့ခြံဝင်းက
မြေနိမ့်ပိုင်းမှာရှိသည်။ ကားလမ်းကတ္တရာ
ဖောက်ထားသော်လည်း မြောင်းများ
မဖောက်ရသေး သဖြင့် မိုးများပါက
ရေဝင်လာတတ်သည်။

မနေ့ နေ့ခင်းရွာသည့်မိုးက အားကောင်း
သည် မိုးရေအတော်ပါသည်။ ခေါင်မိုးက
ကျသည့် မိုးရေနှင့် မိုးပေါ်ကကျသည့်
မိုးရေ ဆိုပါမူ ခြံအတွင်း ရေလျှံမည်
မဟုတ်ပါ။ အရှေ့အနောက် ကားလမ်းမ
ကြီး၏ဘေးမှ ရေမြောင်းကြီးမှ
ရေများက အရှေ့အရပ်မှာရှိသည့်
မိုးရေများကို စုပေါင်းသယ်လာပြီး
မြေနိမ့်ပိုင်း အရပ်များသို့ ခွဲထွက် စီးဆင်း
သည်။

img_0.7102929976095927.jpg

ထိုကြောင့် အနိမ့်ပိုင်းဖြစ်သည့် ကျွန်တော်တို့
အိမ်ဝိုင်းသို့ မိုးများပါလျှင် ရေများဝင်လာတတ်
သည်။ တဖြည်းဖြည့်ဖြင့် အိမ်ဝိုင်းကို မြေဖို့
ပြုပြင်ရပါအုံးမည်။ အိမ်ဝိုင်းအတွင်း
ရေကျသွားပါလျှင် ပုစွန်လုံးတွင်းများရှိသည်။
ဘေးတိုက်သွားသော ပုစွန်လုံးများကဂ
မြင်သူကို ချက်စားစေချင်စရာ။

ပုစွန်လုံးများအပြင် မိုးဖွဲဖွဲ မိုးရေများထဲ
ရေမြွေများက တွန့်ကာ လိမ်ကာ သွားလာ
နေသည်ကို မြင်ရသည်က အသဲယားစရာ။
မိုးရေဝနေသော ပိတောက်၊ သရက်၊
မဲဇလီ၊ ဗာဒံနှင့် မယ်ဇယ်ပင်များက
စိမ်းစိုနေသည်မှာ ကြည့်ရ မြင်ရ မျက်စိ
အေးလှသည်။

img_0.8885298252499876.jpg

လူသွား၊ ယာဉ်သွားနည်းသော ကတ္တရာ
လမ်းမက မည်းနက်မှောင်ကာ တမျှော်
တခေါ်ကြည့်မဆုံးပေ။ ပုရစ်သံ တဒီဒီ
တခါတရံနားထောင်ကောင်းသလို
တခါတရံ ဆူညံနေပြန်သည်။
မိုးအေးအေး ညနေ နေမဝင်မှီ
မိုးရေစက်များခါချ၍ ဆွဲငင်စွာ အူ
နေသောခွေးသံက တမျိုး ရင်ကို
လာထိစေပြန်သည်။
ကမ္ဘာမြေရဲ့ မြန်မာပြေ
မိုးစက်များနှင့်အတူ
အေးငြိမ်းပါစေသား။

@htwegyi
26-9-2021

H2
H3
H4
3 columns
2 columns
1 column
22 Comments
Ecency