မင်္ဂလာတွေ ရှိပါစေ။

မင်္ဂလာအပေါင်းနဲ့ ပြည်စုံတဲ့ နေ့များပိုင်ဆိုင်ပါစေ။
ယနေ့သည်က မင်္ဂလာရှိပေစွ။ ကျွန်တော်တို့၏
အချစ်တော် Hive ကြီးက အစိမ်းရောင်သန်း
နေပါသောကြောင့် မင်္ဂလာရှိခြင်းအတိဖြစ်သည်။
ဒိထက်ပို၍ မင်္ဂလာရှိရန် ဒိထက်ပိုပြီး စိမ်းပြကာ
ဈေးတက်ပါစေလေ။

ယခု စာရေးနေစဉ်ပင် Hive သည်က
သုံးဆယ့်ခုနစ်နှင့် သုံးဆယ့်ကိုးပြား သို့
လွန်းထိုးပြေးလွှား ဆော့ကစားနေသည်။
တဒေါ်လာသို့ ရောက်ကာ ထိုထက်ပို၍
ကျော်သွားပါစေကြောင်း ဆုတောင်း
လိုက်ပါသည်။

ထိုသို့ဆုတောင်းပါမူ ကျွန်တော်အား
မည်သူကမျှ ပိတ်ပင်တားဆီးမည်မဟုတ်ပါလေ။
Hive ဈေးတက်နေစဉ် 45Hive ကို USDT
ပြောင်း၍ SDB သို့ လွှဲထားလိုက်ပါသည်။
Hive ကို Binance မှာ Trade လုပ်တတ်
သော်လည်း USDT ကို ပြန်လည်မထုတ်ယူ
နိုင်သော မိမိသည် ယခုလို SDB သို့ငွေသွင်း
နိုင်ခြင်းမှာ ကိုတင်အောင်စိုး မှ ကူညီပေး၍
ဖြစ်ပါသည်။

ကျွန်တော်သည် Binance မှာ Authenticator
ကုတ်နံပါတ်တောင်းသည့်အခါ ပြဿနာဖြစ်နေသည်။
သူပေးထားသော အချိန်အတွင်း
ကုတ်နံပါတ်ကို ထည့်သွင်းနိုင်ခြင်းမပြုနိုင်ပါ။
ထိုကြောင့် Auth ကုတ်ကို အသုံးမပြု၍
ဝင်ရောက်နိုင်သော နည်းလမ်းရှိလျှင် မန့်ပေးသွား
စေချင်ပါသည်။ လောလောဆယ်တော့
အောက်ပါ ပုံမှ ဖုန်းနံပါတ်နှင့် မေးလ်ကို
အသုံးပြု၍ ဝင်ရမည်ဆိုပါက မည်သည်တို့ကို
အမှန်ခြစ်ရပါမည်နည်း။

အမှန်ခြစ်က
1.Auth
2.phone
3.Mail

1.Auth ကို အသုံးမပြုလိုလျှင် သူ့ကိုခြစ်ရမလား။
2, 3 ကိုသာ ခြစ်ရမည်လား ပြောပေးကြပါဆရာသမားတို့။

ဒီလိုနှင့် ကျွန်တော်သည် Binance မှာ Trade
တတ်ခြင်းနှင့် USDT များ အသွင်းအထုတ်
ပြုလုပ်တတ်သွားသည်နှင့် Hive ဈေး
တဒေါ်လာနှင့် အထက်ဖြစ်သွားပါလျှင် ကျွန်တော့်
အလွန် လုံးဝမဟုတ်ပါဘူးဆိုသည်အကြောင်း
ကြိုတင်ပြောပါရစေ 😁။

@htwegyi
March 1, 2024

H2
H3
H4
3 columns
2 columns
1 column
9 Comments
Ecency