မီးခိုးသတင်း

img_0.7621092795142147.jpg

ယနေ့တော့ မန္တလေးတမြို့လုံး လွင့်နေကြသည်။
အချို့က Hight နေကြသည်။ အချို့ကလည်
ကောင်းနေကြသည်။ ဘယ်လိုတွေများးတောင်
ကောင်းနေ လွင့်နေ ဟိုက်နေကြသည်မသိ။
ကိုယ်တွေက အဆိုပါကိစ္စနှင့် အစိမ်းသက်သက်
ဆိုတော့ သိဘူး။ ကိုယ်အိမ်ဝန်းကျင် သစ်ရွက်
အမှိုက်မီးရှို့သည်ပင် ကြွပ်ကြွပ်အိတ်များ
ပါမည်ဆို၍ သတိထားဖယ်ရှား ရှို့ရသည်။

ဟယ် စာရေးတာကလည်း ဘယ်လိုကြီး
လည်း ဘာကိုပြောချင် ရေးချင်တာလဲ။
ဖတ်နေတာ နားမလည်ပါဘူး။ အယ် ဂလို
ယနေ့ မန္တလေး လေယာဉ်ကွင်းအဟောင်းမှာ
မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသည်။
အဲ အဲ့အကြောင်းစ‌ ရေးတာပါ။

ထိုကြောင့် အဆိုပါ လေယာဉ်ကွင်းဟောင်း
အနီးရှိ ရပ်ကွက်နေပြည်သူအပေါင်းအတွက်
Facebook မှာသောသောညံ အားပေး
နေကြခြင်းဖြစ်ပေတော့သည်။ ထို မီးရှို့မှုက
မနက်စောစောမှာပင် @nweoomon
က ဖုန်းဆက်အကြောင်းကြားလာခဲ့သေးသည်။
62လမ်းဖက်မှာ မီးလောင်နေသည်ထင်ကြောင်း။
မီးခိုး အလွန်အမင်း များပြားကြောင်း၊ မီးသတ်ကား
သံမကြားရကြောင်း အပျိုကြီးပီပီ သတင်းကို
တိကျစွာပေး၍ ဖုန်းဆက်လာသည်။

img_0.14949203650186868
Photo Credit

သို့ပါသောကြောင့် အကျွနုပ်လည်း အပျင်းထူး
စွာ ထိုသတင်းကို အမဖြစ်သူအား ဆက်လက်
လက်ထောက်ချလိုက်လေသည်။ အမ စနေက
သတင်းကို ချက်ချင်း လက်ခံယူကာ အိမ်ဝင်း
အပြင်သို့ ထွက်ကာ တောင်မြောက်အရပ်ကို
လေ့လာတော့သည်။ ထိုအခါ မြောက်အရပ်၌
မီးခိုးများကို မြင်ရလေသည်။

"ဟယ် မြို့သစ်ထဲ မှာများလားမသိဘူး။
မီးခိုးတွေအရမ်းများသဟေ့။ တို့အမျိုးတွေ
အိမ်နဲ့များနီးမလား ဖုန်းဆက်ပါဟဲ့"

ထိုသောခဏဝယ်

"ဟာ ဘား မှ မီးလောင်းတာမဟုတ်ဖူး။
လေယာဉ်ကွင်းဟောင်းမှာ မူးယစ်ဆေးတွေကို
မီးရှို့တာတဲ့"

တူမဖြစ်သူ၏ အင်တာနက်သတင်းပေးမှုကြောင့်
မီးခိုးထွက်မှုကိစ္စ ပြီးဆုံးသွားပါလေတော့သတည်း။

@htwegyi
26-6-2022

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency