လူဆိုး

img_0.7621092795142147.jpg

ကျွန်တော် 2022 ခုနှစ်မှာ ရောင်းမည့်
Hive 30 မှ 10.90 ဟိုက်ကို မြန်မာငွေ
ငါးသောင်းကျပ်ဖြင့် ရောင်းချလိုက်သည်။
ကတိ မတည်ပါဘူးလို့ ပြောလည်း ခံရမှပ။

"မင်းစိတ်ဆိုးလည်း ဆိုးစရာပဲ
သဘောကောင်းလွန်တော့ ဝိုင်း
အနိုင်ယူကြတယ်"

အဲ အဲ့သီချင်းလို့ပေါ့ အဲ့သီချင်း ကျုပ်က
အတော်ကြိုက်သဗျ ဘာမှလည်း
မဆိုင်ဘူး လို့ မပြောနဲ့ ဆိုင်း ဆိုင်း မဆိုင်းဆိုင်း။
အဲ့သီချင်းကြိုက်လို့ ဒီအတိုင်း ဘလိုင်းကြီး
ယူသုံးတာ။ သဘောပါလား။

ဒီလိုဗျာ အဲ့ Hive တွေကို နည်းနည်းဖြင့်ဖြင့်
ရောင်းလိုက်ရမှ ကျုပ်စိတ်ထဲ ကျေနပ်မယ်
ထင်လို့ စိတ်ကြေနပ်အောင် ‌ရောင်းလိုက်တာ။

"ဟာ ခင်ဗျား ဟာကလည်း ရှုပ်နေတာပဲ၊
ကိုယ်ဟာကို ရောင်းချင်ရောင်း၊
မရောင်းချင်နေပေါ့ အလကား
အလုပ်မရှိ အလုပ်ရှာ ရေးနေတယ်"

"အဲ အဲ့သလိုပြောလည်း ခံရမှာပါပဲ"

"လုပ်ပြန်ပြီ"

"ဒီလိုဗျာ ယခုလို Hive ဈေးတက်နေတဲ့အချိန်မှာ
အမှတ်တရဖြစ်အောင် ရောင်းလိုက်တာပါ"

"ဟုတ်ပါပြီ"

"မဟုတ်သေးဘူးဗျ"

"အွန့်"

"ဒီလိုဗျ Hive ဈေးက ထပ်ပြီး တက်မယ်
ဆိုတာလည်း ကျုပ်စိတ်မှာ သိတယ်၊
ဒါပေသိ ဒီ ယခုဈေးနဲ့လည်း အမှတ်တရ
ဖြစ်အောင် ရောင်းချင်တာလည်း
ပါတယ်ပေါ့နော်"

"အံ မယ် ပလီတာ ရောင်း ရောင်းတယ်ပေါ့"

img_0.21835788674560666.jpg

img_0.021649767792117622.jpg

"မဟုတ်ရပါဘူးဗျာ အခု Hive ရောင်းလို့
ရတဲ့ ငွေငါးသောင်းကိုလည်း အိမ်အတွက်
ဆန်အိတ်ကလေး တအိတ်ဝယ်လိုက်တာပါ။
ဒီလို ခက်ခဲနေတဲ့အချိန်မှာ ဆန်အိတ်လေး
ဝယ်လိုက်ရတာ တကယ်ဝမ်းသာမိပါတယ်။
အမေက သာဓုခေါ်ပါတယ်ဗျ၊ ကျုပ်စာရေးလို့
ရတဲ့ငွေဆိုလို့၊ အဲ့တာ မိတ်ဆွေတို့လည်း
ဝမ်းသာရအောင် ရေးပြရတာပါဗျာ၊
အဲ့တာ ကျုပ်ကို လူဆိုးလို့ ခေါ်လဲ ခေါ်ပါလေ"

@htwegyi
30-11-2021

H2
H3
H4
3 columns
2 columns
1 column
21 Comments
Ecency