‌လောဘပြပွဲ

နွေရာသီရောက်တော့ စိတ်က ဟိုရောက်
ဒီရောက်ဖြစ်သည်။ နွေရဲ့သဘောက လူရဲ့
စိတ်ကို ဖမ်းစားညှို့ယူတတ်သည့်သဘော။
ကောင်းကင်က မှုန်ရီရီ၊ ရွက်နုတို့ အစီအရီ။
လေအဝှေ့ ရွက်ကြွေအချို့က မြေလွှာမှာ
ရှပ်တိုက်ပြေးလွှားဆော့ကစား။ လွမ်းသလိုလို
ဆွေးသလိုလို ဖြစ်စေသည်။

ထိုကဲ့သို့သော အဖြစ်အပျက်ကို ဖြစ်စေသော
နွေမှာ ကျုပ်တို့ရဲ့ Hive က ဈေးတက်မလိုလို
ဘာလိုလိုဆိုတော့ ဘာပြောကောင်းမလဲ
ဟိုက်ပရိတ်သတ်။ ဈေးတက်စေချင်တာတော့
အမှန်ပါ့။ လူသည်က လောဘသားကို ဗျ။
ကျန်းမာတုန်း လန်းခါချင်သေးတာ။

အသက်ကြီး၍ မကျန်းမာသည့်အခါ။
ထိုအချိန်မှာတော့ လောဘ၊ ဒေါသတို့က
အားနည်းသွားသည်။ အားနည်းသွားတာနော်
ကုန်ဆုံးသွားတာမဟုတ်ပါ။ လူတိုင်းမှာ
လောဘ ကိုယ်စီရှိသည်။ လောဘတွေကို အပြိုင်အဆိုင်ပင်
ပြိုင်ဆိုင်ကြသေးသည်။

တနေ့က ရွှေစာရံဘုရားသို့ရောက်သည်။
ရွှေစာရံဘုရားနှင့် နွယ်၍ နတ်ကိုးကွယ်မှု
များလည်တွေ့ရသည်။ ကလေးသိုက်နန်း
ဆိုသည်နေရာသို့ ရောက်ခဲ့သည်။ မိတ်ဆွေ၏
ကလေး ကျန်းမာရေးအတွက် ဝင်ရောက်ခဲ့သည်။
တဖန် နှစ်လုံး၊ သုံးလုံးအတွက်လည်း မေးမြန်ကြသည်။

ကလေးသိုက်နန်းမှ ကိုယ်မေးချင်သည့်
ကလေးနတ်ကမရှိသဖြင့် ထိုကလေးနတ်နန်း
ရှိရာသို့ တဖန်သွားရောက်ပြန်သည်။
ကလေးနတ်များက မောင်တော်ချက်‌ဖောင်း
နှင့် အောင်တိုးလေး နတ်ဟူ၍
သိရသည်။ အခြားကလေးနတ်များကိုတော့
မသိရပေ။

ရွှေစာရံဘုရား၏ ဘေးတဖက်တချက်မှာတော့
အမတော်စောမွန်လှနတ်နန်းရှိသည်။
ဆိုင်းသံတခြိမ့်ခြိမ့်ဖြင့် နတ်‌ချော့၍
ကခုန်နေကြသည်။ နတ်ဒိုးသံက လူ၏စိတ်ကို
လှုပ်ရှားစေသည်။ ဘုရားကိုလှူထာသလား၊
နတ်ကို ပူဇော်ထားသလားမသိပါ။
အုန်းသီးစိမ်းနှင့် ငှက်ပျောသီးစိမ်းများက
ဘုရားရင်ပြင်ဒေါင့်မှာ မြင်မကောင်းအောင်
ပုံထားသည်။

ဘုရားဖူးသူထက် နတ်ပွဲကြည့်သူ၊ နတ်မေးသူ
က ပို၍ များပြားသည်။ လူတို့သည်
မိမိ၏အလိုဆန္ဒများကို ထိုသို့ ဤသို့ နေရာများဆီသို့
ပုံစံအမျိုးမျိုးဖြင့် အပြိုင်အဆိုင်လာရောက်
ပြသကြ လေသည်။ ကိုယ်တွေလည်း ထို လောဘပြသမှု
ပွဲထံသို့ ရောက်ခဲ့ရပြန်သည်။

@htwegyi
March 26, 2024

H2
H3
H4
3 columns
2 columns
1 column
14 Comments
Ecency