ကြံကြံဖန်ဖန် ပြောတတ်ပလေ

img_0.7621092795142147.jpg

ကျွန်တော့်အကို စနေသား ယမကာလုလင်ကြီး
အကြောင်း ရေးရပါအုံးမည်။ သူက စကား
အကြီးကြီးတွေ ပြောတတ်သည်။ မူးလာပြီး
ဆိုပါရင် သူကသာစကားကို ဒိုင်ခံပြောသည်။
သူ့ပြောစကားလည်း နားထောင်မှ ကြိုက်သည်။
သူစကားပြောနေစဉ် ဝင်ပြောပါကလည်း
မကြိုက်ပေ။

သူတယောက်ထဲ အဖေ့အိမ်ဝင်းကို ကြာမြင့်စွာ
စောင့်ရှောက်လာကြောင်း မူးလာပါရင်
အမြဲပြောတတ်သည်။ မှန်ပါသည် ကျွန်တော်
တို့ကလည်း ယခုမှသာ အဖေ့အိမ်ဝင်းသို့
ရောက်လာကြသည်။ ယခင်က မြို့ထဲ တိုက်တန်း
မှာသာ အနေများသည်။ တနှစ်နေ၍
အဖေ့ခြံသို့ တခေါက်ပင် ခြေဦးမလှည့်ကြပေ။

ယခုမှ ရောက်လာသော ကျွန်တော်တို့ကို
သူက ယခင် ဤခြံကို သူ ဘယ်လို ဘယ်ညာ
ပြုပြင်နေထိုင်ရကြောင်း မူးလာပါရင်
ဓာတ်ပြားဟောင်းကြီး ဖွင့်ပြသလို အမြဲ
ပြောသည်။ သူ မိန်းမ မယူပဲ တကိုယ်တည်း
စောင့်ရှောက်လာကြောင်း နို့မို့ အိမ်ဝင်း
ရောင်းစားရမည်ဖြစ်ကြောင်း ပြောတတ်သည်။

ကြာလာတော့ စနေ အမက မခံချင်တော့
ပြောပါလေသည်။

"နင်က မိန်းမယူဖို့ အဖြစ်မရှိလို့ မယူရတာမို့လား။
နင့် ဇ မရှိ လို့ မယူ မယူရတာလို့ပြောစမ်းပါ"

img_0.886017557467978.jpg

"အံမယ် ငါမယူချင်လို့နော်၊ ငါ့အဖေခြံကို
သဘောကျပြီး ငါ့ကို လာရစ်တဲ့ မိန်းမတွေ
ပေါမှပေါ၊ ရှုပ်လွန်းလို့ ခါချနေရတာ၊
ဘာမှ မသိဘဲ လာပြောနေတာ"

ထိုသို့ပြောနေကြရင်း စနေသားကြီးသည်
စကားပြောရပ်ပြီး စဉ်းစားနေသည်။

"အေး ငါစဉ်းစားမိတာ တခုတော့ရှိတယ်
အမရ၊ ငါ့တို့ ခုနေတဲ့ မြေကြီးမှာ တခုခုတော့
ထူးခြားမှုရှိတယ်။ ခုတို့ရှေ့က ခြံက မွေးတဲ့
ကလေးတွေးက ယောင်္ကျားလေး သုံးယောက်၊
ခြံတောင်ဖက်က နှစ်အိမ်ကတော့ မိန်းကလေး
တွေ မွေးတယ်။ ဟော့ မြောက်ဖက်အိမ်
နှစ်အိမ်ကြပြန်တော့ ယောင်္ကျားလေး
မွေးတဲ့အိမ်နဲ့ မိန်းကလေးတွေချည်း
မွေးတဲ့အိမ်တွေနော် မထူးဆန်းဘူလား"

img_0.46482101638853945.jpg

"ငါစဉ်းစားမိတာ ငါများ မိန်းမယူလို့
ကလေးမွေးရင် အခြောက်လေးတွေများ
မွေးလာမလား မပြောတတ်ဘူးနော်"

ကျွန်တော်တို့မှ ယမကာလုလင်
စနေသားကြီး၏ ပြောစကားကြောင့်
တဝါးဝါး ရီလိုက်ရပါတော့သည်။

@htwegyi
21-1-2022

H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency