ခက်ရချည်ရဲ့။

img_0.7621092795142147.jpg

ယနေ့ ပင်စင်ထုတ်ရက် ရောက်ပြန်ပါသည်။
ထုံးစံအတိုင်း မြို့ထဲ သွားရပြန်သည်။
အကိုတဝမ်းကွဲ၏ မီနီအိုဝေးဖြင့် မြို့ထဲသွားသည်။
ယခုအခေါက် ညီမဖြစ်သူပါ လိုက်လာသည်။
သူမက ရတနာပုံဈေးရှိ သူမငှားထားသော
ဆိုင်ခန်းကို လာရောက်ကြည့်ခြင်းဖြစ်သည်။

ထိုဆိုင်ခန်းက တစ်နှစ်ငှားထားသည်။ တနှစ်
ငှားသည်သာဆိုသည်။ မီးလောင်သည်နှင့်
အမေ လေဖြတ်သည်တို့ကြောင့် ဆိုင်ခန်းက
ဈေးမထွက်လိုက်ရပါ။ ဒီကြားထဲ ကိုဗစ်ပါ
ဖြစ်တော့ သာဆိုတော့သည်။ ဆိုင်ခန်း၌
ပစ္စည်းအနည်းငယ်ကျန်နေသေးသည်။

ထိုဆိုင်ခန်းသည် အပေါ်မှာ အထည်များရောင်း
သည်။ အောက်က အုတ်ခုံအတွင်း၌ ပစ္စည်းများ
သိုလှောင်ထားသည်။ ထိုအုတ်ခုံအတွင်း၌
သူမ၏ ပစ္စည်းများရှိသေးသည်။ အိမ်မှာ
ထားပါကလည်း အိမ်က သေး၍ မိုးရွာ၊
နေပူပါက ဆွေး၍ပျက်စီးမည်ဖြစ်သည်။

ဆိုင်ခန်းက နောက်ထက် ငှားမည့်သူ မရှိသေး၍
ပစ္စည်းများ ဆက်လက်ထား၍ ရသေးသည်။
ရတနာပုံဈေးရှေ့ရောက်တော့ သူမကို
ထားခဲ့၍ ကျွန်တော်တို့က ဘူတာကြီးသို့
ဆက်လက်မောင်းခဲ့သည်။ ရတနာပုံဈေးက
ခြောက်သွေ့သွေ့ပင်။ ပင်စင်ထုတ်ပြီး
သူမကို ဝင်ခေါ်သည့်အခါ စကားများ
ပြောပါလေတော့သည်။

သူမတို့ ဈေးမှ ဈေးလူကြီး၏ မိန်းမနှင့် တွေ့
၍ စကားပြောနေရကြောင်း‌ေပြာသည်။
ထိုဈေးလူကြီး၏ မိန်းမက ညီမဖြစ်သူကို
တိုက်ခန်းပြန်နေကြရန်၊ ယခု ဒုက္ခရောက်
နေကြတယ်မို့လားဟု ညီမကို ပြောသည်။
သူမ၏ သမီးများလည်း အလုပ်လုပ်နေကြောင်း
သတင်းရခဲ့သည်။ ညီမက ပြန်ပြာခဲ့သည်။

"တိုက်ခန်းက လေကောင်း လေသန့်မရဘူး။
ဒီမှာနေရတာ ရတယ်။ အမေလည်း
ပိုကျန်းမာလာတယ်"

ဟု စကားလုံးများဖြင့် ပြန်လှန် ချေပ ပြောဆို
ချင်ပါသော်လည်း ဖော်ပြပါ စကားအချို့သာ
ပြောခဲ့ရလေသည်။ အင်း ဒီလိုလူတွေနဲ့
တော့ ခက်ရချည်ရဲ့။

@htwegyi
23-9-2022

H2
H3
H4
3 columns
2 columns
1 column
13 Comments
Ecency