ဟိုလို ဒီလို မလုပ်နဲ့။

img_0.7621092795142147.jpg

Hive ဈေးက တက်မှာလိုလို မတက်မှာလိုလိုနဲ့
မည်သို့ဖြစ်နေသည်မသိ။ ဆရာ့ ဆရာ့ကြီး
BTC ကတော့ တက်နေသည်။ ဒီတော့ သူ့နောက်
ကလိုက်ပြီး တက်ကြရန်ဖြစ်သည်။ သို့ပေသိ
ကိုယ်တွေ Hive ကတော့ အိန္ဒြေကြီးနဲ့ လိုက်ပြီး
တက်တော့မလို တက်ရိပ်ပြလိုက် ပြန်ဆင်းလိုက်နဲ့
အလုပ်ရှုပ်နေသည်။

Hive ဈေးတက်ပါက များများဖြစ်စေရန်
ကိုယ်တွေ ဥထားသော HBD လေးများကို
Hive သို့ပြောင်းထားရန် စိတ်ကူးသည်။
သို့နှင့် HBD ကို Hive သို့ပြောင်းကြည့်သည်။
အဲ့မှာ HBD ကို Hive သို့ Convert လုပ်ပါက
သုံးရက်ကြာမည်။ ဈေးအတက်အကျလည်း
မည်သို့ ပြောင်းပေးသည်မသိရ။

ဒီတော့ HBD ကို Hive ပြောင်းရန် Market
မှပြောင်းရန် စိတ်ကူးသည်။ ထို Market
ဆိုသည်ကလည်း အသုံးမပြုတာ ကြာတော့
မည်သို့ လုပ်ဆောင်ရမည်ကို မေ့တေ့တေ့ဖြစ်နေသည်။
Market သို့ ဝင်ကြည့်သည့်အခါ
အဲ့မှာ Market က ဒီဇိုင်းကာလာ ဘာညာများ
ပြောင်းထားသည်။

ကိုယ်တွေ ရွာလည်ပေသည်။ ယခင်က Market
ကိုနှိပ်လိုက်ပါရင် တန်းဝင်ရသည်။ ယခုတော့
သူက အကောင့်တခုဖွင့်ခိုင်နေသည်။ အကောင့်
အသစ်ထပ်ဖွင့်ဖို့ စိတ်က မလုပ်ချင်သဖြင့် ဒီအတိုင်း
ပြန်ထွက်ခဲ့သည်။ ယခုတလော ကိုယ်တွေ
အီးစံမှာလည်း အခက်အခဲဖြစ်နေသည်။
Boost မရ၊ Gift မရ၍ Ecency မှာ ပိုစ့်တင်
ရတာ အားမရှိချေ။

တဖြည်းဖြည်းဖြင့် Hive သည် အဆင့်မြင့်
လာသလား။ ဈေးတက်ချင်၍လားမသိ။
အချို့တော့ နေရာများက ဝင်ရ ထွက်ရ
ခက်ခဲလာသလို ခံစားရသည်။ ကိုယ်တယောက်
ထဲလားတော့မသိပေ။ ဈေးတက်မယ်ဆိုလဲ
တက်ပါ မောင်ရေ ဆိုသလို ဟိုလိုလို ဒီလိုလို
တော့ မလုပ်စေချင်ဘူး။

@htwegyi
23-1-2023

H2
H3
H4
3 columns
2 columns
1 column
20 Comments