Hive ဈေးက နီနီရဲ။

img_0.7621092795142147.jpg

Hive ဈေးက ကျသည်။
စာရေးဖို့ပျင်းသည်။ ဒီတော့ ကိုယ်တွေ
ပိုစ့်တင်ဖို့ ကြံရ ဖန်ရသည်။ ခရီးသွားရင်း
ရိုက်ခဲ့သည့် ပုံများ ပြန်တင်၍ ပိုစ့်တခု
ဖန်တီးရပေအုံးမည်။ ပုံတင်ရမည်ဆိုတော့
လိုင်းက ကောင်းပါမှ ပုံတင်ရတာ
အဆင်ပြေသည်။

လပြည့်နေ့ ဘုရားဖူးအကြောင်းပြ၊
ကထိန်အကြောင်းပြ လျှောက်သွားကြလို့
မောကြပြီးထင်သည်။ နိုးပါ မြန်မာတွေက
အပျော်မက်သူတွေဆိုတော့ နောက်တခါ
လာမည့် ကိုယ်ပွဲ မဟုတ်သည့် ခရစ္စမတ်
ပျော်အုံးမည်။

နောက်တခါ ဟက်ပီးနယူးရီးယား လို့လည်း
အော်ကြအုံးမည်ထင်ပ။ ပျော်ကြတာ။
ကိုယ်ထိမှ နားကြတဲ့ ဟာဒေ။
ကောက်ရိုးမီးတွေ။
ရေနွေးအိုးထဲက ဖားပြုတ်တွေတဲ့။
အင်း ခုနေ တော်လှန်ရေးကြီးက
အားကောင်း၊ အရှိန်ကောင်း
အခြေအနေကောင်းလာပြီးဆိုပါရင်
တို့လူလေးများဆိုသလေ ဝေလေလေတွေ
များလာမှာ မြင်ယောင်သေး။
နိုင်တဲ့ဖက် ဘက်ပြောင်းလာမှာ တပြုံးကြီး။

အော် ငါနဲ့ ဘာတွေရေးမိပါလိမ့်။
ပုံတင်ပါမယ်ဆို။ ရေးလက်စနဲ့ ထူးပါဘူး။
အော် ဟိုက်ပရိတ်သတ်ရေ
တော်လှန်ရေးကြီးလည်း အောင်
ဟိုက်ဈေးတတွေလည်း ထောင်
ဈေးတက်ရင်ဖြင့် ပျော်ဖို့ လွှတ်ကောင်းမှာပ။
ခုတော့ Hive က နီနီရဲ။

@htwegyi
10-11-2022

H2
H3
H4
3 columns
2 columns
1 column
15 Comments
Ecency