Ecency မှာနံပါတ်ဝမ်းကြီး

img_0.7621092795142147.jpg

Ecency မှာ ကျုပ်က ဆရာကြီး။
ဘာဆရာကြီးလဲမမေးနဲ့။
Ecency ရဲ့ Top Ten စာရင်းမှာ
ကျုပ်က No One. ဘာစာရင်းလဲ
မမေးနဲ့ သေချာ မသိဘူး။
ကျုပ်သိရသလောက် google translate
နဲ့ ဘာသာပြန်ကြည့်တော့
အောက်ပါအတိုင်း သိရသည်။

အဟမ်း လူကြီးမင်းသည် လွန်ခဲ့သည့်
24နာရီအတွင်း လူတိုင်း အားပေးမှု
အပေါင်းအသင်းအချို့နှင့် ကျွနုပ်တို့၏
Creation ကြိုးပမ်းမှု အချို့ကို
မျှဝေလိုသည်။

ပြီးခဲ့သည့် 24နာရီအတွင်း တက်ကြွသူ
ဆယ်ဦးတွင် နံပါတ်တစ် ဦးဆောင်ရွက်မှု
ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဝင်ငွေရရှိသူ
တစ်ဦးဖြစ်သည်။

img_0.4259308223723395.jpg

အမယ်မင်း သူဘာသာပြန်တာက
အဲ့ဂလို။ ဘာတဲ့ တက်ကြွသူ
ဆယ်ဦးတွင် နံပါတ်တစ်တဲ့။
အိုမိုင်ဂေါ့ ပေါ့။ ဘယ်နဲ့ ဝင်ငွေကောင်း
မှာတုန်း။ ကိုယ့်ပိုစ့်မှာ hive များများရဖို့
Ecency မှာ point တွေပေးပြီး vote
နေရာတာ။

ဝင်ငွေကောင်းသူဖြစ်အောင်
Ecency တို့ good-karma လာပြီး
Vote များပေးမလားပေါ့။ အဲ့သလို
ဝေလငါးကြီးများ လာဗုတ်ရင်း
ပျော်စရာပါ။ တခါမှ လာမဗုတ်ဖူးပေါင်။
လာဗုတ်ရအောင်လဲ ကျုပ်က စာရေး
ချက် ချာတူးလန်။ cryptocurrency
အကြောင်းရေးရအောင်လဲ နလပိန်တုန်း။

အင်း ဒါဆို ဇာတ်လမ်းလေးတွေရေးပေါ့လို့
ပြောမလား။ ကျုပ်ရေးတဲ့ ဇာတ်လမ်း
ကျုပ်တောင် နားမလည်။ အစ အဆုံး
ဘယ်ကစလို့ ဘယ်မှာ ဆုံးမှန်းမသိရအောင်
ကောင်းထာ။ ဒီလိုနဲ့ ပေါက်ကရတွေရေး
ရေးရင်းနဲ့ hive တွေ ကြိတ်စုနေတာပါ။
လူပျိုကြီးတွေ hive တွေကြိတ်စုတာ
ခုမှ သိတော့တယ်။

img_0.7109293101098525.jpg

ခုတလော အဖွဲ့ကို မိန်းခလေးတွေ
ရောက်လာတာ သတိထားမိတယ်။
မိန်းမသားဓားဆိုပြီး မထက်ဖူးမထင်နဲ့။
Hive Power များတဲ့ လူပျိုကြီးတွေ
အပြိုင်အဆိုင် ဗုတ်ပေးကြရတာ။
သို့ပေသိ အနှီး မိန်းခလေးတို့က
ခေသူများမဟုတ်ကြပါလေ။

ကျုပ် hive မှာပိုစ့်တင်လာတာ ပင်စင်တောင်
ယူလို့ရပါပေါ့။ ခလေးမလေးတွေလို
Vote ကြီးကြီးမားမား တစ်ခါမှ
မရဘူးပေါင်။ နောက်မှ ရောက်လာတဲ့
ကလေးတွေက ကိုယ့်ကို ကျော်သွားတာ
ကြည့်ပြီး တကယ်ကို ဂုဏ်ယူပါတယ်ကွယ်။

@htwegyi
18-9-21

H2
H3
H4
3 columns
2 columns
1 column
28 Comments
Ecency