Cleaning in 7 December 2021

Cleaning mission.
Cleaning in 29 November 2021 CLEANPLANET .

img_0.7621092795142147.jpg

img_0.5654520597532335.jpg

ယနေ့တော့ ကမ္ဘာကြီးရဲ့ အဓိက ပြဿနာ
ကြွတ်ကြွတ်အိတ် အကြောင်းရေးရပါမည်။
ကမ္ဘာကြီးရဲ့ အဓိက ပြဿနာ ဆိုသည်ထက်
ကျွန်တော်တို့ မြန်မာပြည်၏ အဓိက
ပြဿနာဆိုလည်း ဟုတ်ပေသည်။
နောင်အချိန်မှာ ကြွတ်ကြွတ်အိတ် များ၏
ပြဿနာက အတော်ဒုက္ခရောက်ပေမည်။

img_0.06528160474499269.jpg

မနက်ခင်းဈေးသွား ဝယ်သည့်အခါ
ဈေးခြင်းတောင်းများ အသုံးပြုသည်ကို
တွေ့ရသည်။ ယခုနေသည့်အရပ်က
ဈေးဝယ်သူ အများစုက ဈေးခြင်းတောင်းများ
ကိုင်၍ ဈေးဝယ်သည်ကိုတွေ့ရတာများသည်။
ယခင် ကျွန်တော်တို့နေခဲ့သည့် တိုက်တန်းမှာတော့
စျေးခြင်းတောင်းကိုင်ပြီး ဈေးဝယ်သူအင်မတန်
နည်းပေသည်။ ဈေးခြင်းတောင်း မကိုင်ဆို
တိုက်တန်းအပြင်ထွက်သည်နှင့် ဈေးကို
တန်း‌ ရောက်ပေသည်။ ဆိုတော့ ဈေးနီး၍
စျေးခြင်းတောင်းကို ကိုင်သည့်အလေ့အထပျောက်ဆုံးနေသည်။

img_0.14288245282132894.jpg

ဈေးခြင်းတောင်း ကိုင်သည်ဆိုပါသော်လည်း
ဈေးသည်အများစုက သူတို့၏ရောင်းကုန်ပစ္စည်းများကို ကြွတ်ကြွတ်အိတ်ဖြင့် ထုတ်ပေးသည်က
အကျင့်ဖြစ်နေသည်။ ဂျာအေး သူ့အမေ
ရိုက်နေသလို ဈေးခြင်းတောင်း ပါသော်လည်း
ကြွတ်ကြွတ်အိတ် က သုံးမြဲဖြစ်နေသည်။

img_0.19179840587551322.jpg

ဟော့ ယခုခေတ် ကလေးငယ်မျာ၏ စွန်
လွတ်ခြင်း၊ စွန်ပြုလုပ်သည့်နေရာမှာလည်း
အနှီ ကြွတ်ကြွတ်အိတ် က နေရာယူလာပြန်သည်။
မြေပြင်မှတဆင့် ကောင်းကင်ဆီသို့ ရောက်ရှိလာသော ထို ကြွတ်ကြွတ်အိတ် ၏ အန္တရာယ်က
ကြောက်မက်ဖွယ်ဖြစ်လာသည်။

img_0.7502076336684722.jpg

ထို ကြွတ်ကြွတ်အိတ် က မြေမြှုပ်လို့မရ၊
မီးရှို့ပစ်လို့လည်းမရ အတော်ဒုက္ခများပေသည်။
မြေမြှုပ်ပါက သစ်ပင်စိုက်လို့မရ၊ မြေဆီလွှာ
ပျက်စီးမည်။ မီးရှို့ပါက ထွက်လာသည့်
အငွေ့ကို ရှူရှိုက်မိပါက ကင်ဆာရောဂါ
ဖြစ်တတ်ပေသည်။ အလွယ်တကူကြိုက်နှစ်သက်သော ကျွန်တော်တို့မြန်မာလူမျိုးများနှင့်
ကြွတ်ကြွတ်အိတ် အန္တရာယ်က ကြီးမား
လာပေတော့သည်။

@htwegyi
7-12-2021

H2
H3
H4
3 columns
2 columns
1 column
18 Comments
Ecency