ဗေဒင်၊ လက္ခဏာများ ဝါသနာ ပါရင်

image

ဗေဒင်၊ လက္ခဏာ၊ အကြားအမြင် စသည့်တို့ကို
စိတ်ဝင်စားသူရှိသလို၊ စိတ်မဝင်စားသူများလည်း
ရှိသည်။ စိတ်ဝင်စားသူ အများစုတို့က
အများအားဖြင့် လောဘကြီးသူ၊ ဒုက္ခရောက်သူ၊
အပူတွေ့သူများဖြစ်ပေသည်။ ငယ်စဉ်က
ပုဏ္ဏားကြီးတစ်ဦး ထီးမဲကြီးချိုင်းညှပ်ပြီး

"ဗေဒင်၊ လက္ခဏာများ ဝါသနာ ပါရင်"

အော်သံကြားမိ မြင်မိသည်။ တစ်ချို့က
အပျော်သဘော မေးကြသည်။
တစ်ချို့က လူ့သဘောကို
ဆော်ကြော်မေးမြန်းကြသည်။
လူ့စိတ်ဆိုသည်ကလည်း အဆန်းသား
အမြန်သားကြီးကိုးဗျ။

img_0.6758806115422216.jpg
Credit Sayar Paw Oo Thet

တဖန် ပရလောက၊ ဓာတ်ရိုက်ဓာတ်ဆင်နှင့်
ယတြာချေသူများ အစရှိသူတို့ကလည်း
ဒုက္ခရောက်သူ၊ အပူတွေ့သူများပင်
အားကိုးရှာကြခြင်းဖြစ်ပေသည်။
ရေနစ်သူ ကောက်ရိုးမျှင်ကို ဆွဲသလို
ဆွဲမိဆွဲရာ ဆွဲကြသည်။

ထိုသို့ စိတ်ဝင်စားသူများတွင် အမျိုးသားများထက်
အမျိုးသမီးများက ပိုမိုသည်ဟုထင်ပါသည်။
သို့သော် စိတ်ဝင်စားသူ အမျိုးသားများက
အမျိုးသမီးများထက် ပိုမိုသဲသဲလှုပ်သူများ
လည်းရှိတတ်သည်။ သာမန်လူတန်းစား
ဖြစ်သူ ကျွန်တော်အဖို့မှာ ထိုအရာများကို
စိတ်မဝင်းစားပါ။

စာအုပ်မဂ္ဂဇင်းများဖတ်သည်ပင် ထိုအရာများ
ပါသည့် စာများကို ရှောင်ရှားဖတ်သည်။
ဂမ္ဘီရ၊ လျှို့ဝှက်ဆန်းကြယ် စသည့် မဂ္ဂဇင်းများကို
ကျွန်တော် မဖတ်ဖြစ်ပါ။ သို့သော် ထူးခြားသည့်
အံ့ဩဖွယ်ကောင်းသည့် စာအရေးအသားများ
ရေးသည့် ရွှေဥဒေါင်းစာအုပ်များကို
ကြိုက်နှစ်သက်သည်။

ဗေဒင်၊ လက္ခဏာ၊ အကြားအမြင် စသည့်
တို့သည် ဟိုရှေ့ကပင်ရှိနေသည်။ လူတို့၏
စိတ်နေ စိတ်ထား၊ အလို လောဘများကို
မူတည်၍ အသုံးပြုကြသည်။ ရဟန်း
သံဃာတော်များပင် ဗုဒ္ဓ၏လမ်းစဉ်မှ
သွေးဖည်၍ လမ်းကြောင်းပြောင်းသွား
သည့် သံဃာတော်များပင်ရှိပေသည်။
မည်သို့ဆိုစေ အဆိုပါအရာတို့သည်
သုံးတတ်ရင် ဆေး မသုံးတတ်ရင်ဘေး
ဖြစ်ပေမည်။

@htwegyi

H2
H3
H4
3 columns
2 columns
1 column
6 Comments
Ecency