အမွေ

img_0.7621092795142147.jpg

မနေ့က ပိုစ့် မတင်ရပေ။ မိတ်ဆွေအိမ်သွား
နေ၍ ပိုစ့်မတင်ဖြစ်ခဲ့ပါ။ မိတ်ဆွေအိမ်သွားရင်း
တွေးစရာတခုရလာသည်။ ရေးစရာ ကုန်ကြမ်း
လည်းရလာသည်။ အမွေ ဆိုသည် စကားလုံး
တခုက အတော်ကို စွမ်းအားကြီးတယ်လို့ ခေါ်
မလား။ လူတို့၏ စိတ်ကို ပြောင်းလဲစေသည်လို့
ပြောမလား။ အဲ တချို့ကလည်း အမွေ ဆိုတာ
အမွှေဟု ဘာသာပြန်ကြသည်။

အမွေ ညီမျှခြင်း အမွှေဆိုသည်က လောဘအား
ကြီးသူတွေအတွက် လုံးဝမှန်ပေသည်။ လောဘ
နည်းသူတို့အတွက်တော့ မမှန်ပေ။ မနေ့က
မိတ်ဆွေ၏အိမ်၌ ကြားသိခဲ့ရသည့်အကြောင်း
ပြန်လည်ဝေမျှပါသည်။ တခုတော့ သိချင်ပါ
သည်။ အမွေဆိုတာ ကိုယ်တွေသိသလောက်တော့
အမိ အဖ၊ အဖိုး အဖွားတို့၏ ပိုင်ဆိုင်မှုကို သူရို့
မရှိသည့်အခါ ကျန်ခဲ့သူ သားသမီးမြေးမြစ်တို့
က များသောအားဖြင့် ရရှိခြင်းကို အမွေ ရသည်ဟု
ဘာသာပြန်ပါသည်။ အခြား ဆွေမျိုးသားချင်း
များထံမှလည်း အမွေရရှိတတ်ပါသည်။

ဆိုတော့ အမွေဆိုတာ အမွေပေးသူသည်
သက်ရှိထင်ရှားရှိတဲ့အချိန်နှင့် ကွယ်လွန်သည့်
အချိန်မှာ ပေးကြသည်။ ကိုယ်တွေ များသော
အားဖြင့် သိသည့် အမွေပေးမှုမှာ အမွေပေးသူ
သေဆုံးသွားသည့်အခါမှ အမွေရရှိကြသည်ကို
သာသိသည်။ ယခုဖြစ်နေသည်က အမွေပေးသူ
မိဘက သက်ရှိထင်ရှားရှိနေသည်ကို မိဘထံမှ
အမွေတောင်းနေကြသည်မှာ တမျိုးကြီးဖြစ်နေ
သလားဟုထင်မိသည်။

အမွေဥပဒေ များကိုတော့ မသိရှိပါ။ မိဘက
သူတို့ မသေခင် အမွေပေးချင်မှန်းမသိပဲ
အမွေတောင်းနေကြသော သားသမီးများ
ရှိနေပါသည်။ ကိုယ်တွေသိတာက သေဆုံးသူ
ထံမှ ရရှိသော ပစ္စည်းဥစ္စာများကိုသာ အမွေဟု
သိသည်။ ပေးသူက သူပေးချင်စိတ်ရှိသည့်အခါ
ပေးသည့်ကို အ‌မွေဟုခေါ်သည်။ ယခု အမွေ
ပေးမည့်သူက မသေခင် သက်ရှိထင်ရှား
ရှိနေစဉ် ပေးချင်မှန်းမသိ ဇွတ်အတင်းအမွေတောင်း
နေကြသည်မှာ တခုခုလွဲနေသလိုဟု ခံစားမိတာ
လေးရေးမိသည်။ မိတ်ဆွေတို့ရော မည်သို့
ထို အမွေကို အဓိပ္ပါယ်ဖွင့်ဆိုပါမည်နည်း။

@htwegyi
7-12-2022

H2
H3
H4
3 columns
2 columns
1 column
23 Comments
Ecency