အင်း ဒါလည်းဒုက္ခပါလေ။

img_0.7621092795142147.jpg

လူတို့သည် မိမိလုပ်ကိုင်နေသော အလုပ်ကို
အလုပ်ဟု မထင်သူကများသည်။ အခြားသူ၏
အလုပ်ကို အဟုတ်ထင်ကြသည်။ ထိုအတူ
မိမိ၏ မိသားစုမှ ကျွေးမွေးထားသည်ကို
အဟုတ်မထင်။ အခြားသူက တခါတရံကျွေး
သည်ကို အဟုတ်တကယ်ကျေးဇူးတင်သူ
ကလည်းများပေသည်။

ထိုအပြင် မိမိ၏ ပုံမှန်ဝင်ငွေကို နည်းသည်ဟု
ထင်ကာ ဖြတ်လမ်းဝင်သော လောင်းကစား
ကို အဟုတ်ထင်သည်။ ကံကောင်း၍ လောင်း
ကစားဖြင့် ငွေရသူကို အားကျ၍ လိုက်လံ
အတုယူ လောင်းကစားသည်။ ထိုအပြင်
ကံအကြောင့်သင့်၍ ဆယ်ခါမှ တခါ၊ အခါတရာမှ
တခါသော ပေါက်သော လောင်းကစားကို
အဟုတ်ကြီးမှတ်၍ ပြုလုပ်သည်။

မိတ်ဆွေတဦးကတော့ နှစ်လုံးထီထိုးသည်။
သူ့ဟာနဲ့သူတော့ ဟုတ်နေသည်။ သူ့တွက်ဂွင်
အရတော့ တပတ်ကို သုံးသိန်းခန့်ဝင်သည်။
သူ့တွက်ချက်နည်းအရ အင်မတန်သေချာ
သည်ဟုပြောသည်။

လောင်းကစားဆိုသည်က အဘယ်မှာ
သေချာ ရေ‌ရာပါမည်နည်း။ ထိုသို့သေချာ
နေပါရင် လူတိုင်းလုပ်နေမည်ဟု ပြောမိသည်။
သို့သော် သူကတော့ ပြောမရပေ။ သူက
သေချာလေ့လာ၍ ထိုးသည်ဟု ပြောသည်။
ငွေမျှော ငွေနှင့်လိုက်မည်ဟု ပြောသည်။

ထိုလောင်းကစားကို ဝင်ငွေတခုအဖြစ်
လုပ်မည်ဟု ပြောသည်။ ကျွန်တော်မှာ
မျိုးစုံပြောပါသော်လည်း သူသည် လောင်းကစား
ပိုးက ဇွတ်တိုးဝင်နေတော့ ပြောမရဖြစ်နေသည်။
သူကိုကြည့်၍ ကိုယ်တွေက ဘေးမှ ရင်လေး
နေရပေတော့သည်။ သဗ္ဗေသတ္တာကမ္မသကာ
ဟု၍လည်း မဆိုချင်။ ကိုယ့်မိတ်ဆွေ ရင်းနှီးသူ
ဖြစ်နေသည်။ အင်း ဒါလည်းဒုက္ခပါလေ။

@htwegyi
14-3-2023

H2
H3
H4
3 columns
2 columns
1 column
14 Comments
Ecency