အေးချမ်းသောနေရာ။

img_0.7621092795142147.jpg

ယနေ့ စောစီစွာနိုးသည်။ မနိုးလို့လည်းမရ။
ပူလိုက်သည့် ရာသီ။ ညက နိုးတဝက် အိပ်တဝက်နဲ့
ဖြတ်သန်းရသည်။ ပူ၍ ယပ်တောင်ခတ်ရင်း
အိပ်ရသည်။ မနက်စောစော ထ၍
သစ်ပင်များကို ရေလောင်းသည်။ နွေရာသီ
ပူချက်က မြောင်းထဲမှာ ရေမရှိတော့ပေ။

မြောင်းဘေး စိုက်ထားသော ဗာဒံ၊ တမာ၊
သပြေဘူတ၊ ပိတောက်၊ ရေတမာနှင့် စိန်ပန်း
ပင်များကို ရေလောင်းရသည်။ မိုးက ရွာခဲ
လှသည်။ ယခင်နှစ်များက သင်္ကြန်မိုးရွာသည်။
ထိုမိုးရွာပါက အိမ်ခြံဝင်းတခုလုံး ရေလျှံသွား
တတ်သည်။

ကောင်းကင်က ကြည်လင်သည်။ မိုးသား
အရိပ်အရောင် အနည်းငယ်သာ တွေ့ရသည်။
ကောင်းကင် မော့ကြည့်စဉ် အနောက်မှ
အရှေ့သို့ မောင်းနှင်လာသော ဒုံးပျံတစင်းကို
တွေ့ရသည်။

ထိုဒုံးပျံက ထုတ်လွှင့်သော မီးခိုးတန်းက
သူ့နောက်မှာ အတန်းလိုက်ကြီးပေါ်နေသည်။
ကောင်းကင်ပြာလဲ့လဲ့မှာ မီခိုးတန်း ဒုံးပျံတစင်း
၏ မြင်ကွင်းက ကြည့်၍ကောင်းသည်။
ဘာရယ်မဟုတ် အတွေးတို့က ဟိုတစ ဒီတစ
ပျံ့‌သည်။

ထိုဒုံးပျံပေါ်မှ အောက်သို့ ကြည့်ပါရင်
မြန်မာပြည်နှင့် အခြားသော တိုင်းပြည်များကို
မြင်ရမည်။ မြန်မာပြည်က မအေးချမ်းပေသိ
အခြားသော ပြည်တို့က အေးချမ်းသည်။
မြန်မာပြည်အတွင်း၌ပင် အေးချမ်သော
နေရာတို့က အေးချမ်းပြီး မအေးသောနေရာ
တို့ကရှိပြန်သည်။

အေးချမ်းသောနေရာ၊ အမှန်တကယ် အေးချမ်း
သောနေရာ ဆိုသည်က ...…....။

@htwegyi
18-4-2023

H2
H3
H4
3 columns
2 columns
1 column
14 Comments
Ecency