အောင်စည် ဟိန်းသံ မိုးသို့ညံစေ။

img_0.7621092795142147.jpg

ယနေ့တော့ တိုကင်‌တွေ Steak လုပ်လိုက်သည်။
LOLZ နှင့် WAIV များကို အနည်းငယ်ဆီ
Stake လုပ်လိုက်သည်။ ဟိုဟာ ဒီပို့၊
ဒီဟာ ဟိုပို့နှင့် သေချာ မရေရောမှုများနဲ့
Leodex မှာ သွားကလိလိုက်သည်။
ကိုယ်တွေ ခေါင်းဆောင် ကိုဟင်နရီအောင်
သည် အဆိုပါ Hive Engine မှ တိုကင်များကို
ရောင်း၍ နိုင်ငံခြားခရီး ထွက်နေသည်။

Screenshot_20220917-140116_Chrome.jpg

ဒီတော့ ကိုယ်တွေလည်း အားကျ၍
Leodex မှာ ရှိသော တိုကင်များကို
ဟိုပို့ ဒီပို့ လုပ်လိုက်သည်။ မှတ်ကရော။
စာတခုဖတ်လိုက်ရသည်။ မြန်မာတွေက
Cryptocurrency နှင့် ပတ်သက်၍
ငွေအရင်းအနှီးစိုက်ထဲ့သူက နည်းသည်။
Free ရှာသူက များသည်။

Screenshot_20220917-135913_Chrome.jpg

ဆိုတော့ အရင်းအနှီးမရှိပဲ ကြီးပွားချင်၍
မရပါ။ တလောက ဖတ်လိုက်ရသည်။
နိုင်ငံခြားမှ မိသားစု တစုက Bitcoin ကို
သဲသဲမဲမဲ စုခဲ့ကြသည်။ သူရို့့စုစဉ်က
ဈေးမတက်သေး။ နောက်ပိုင်း ဈေးတက်
လာသည့်အခါ မိသားစုလိုက် များစွာချမ်းသာ၍
စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ကာ
ချမ်းသာ ကြီးပွား‌နေသည်။ ဖတ်လိုက်ရတာ
ဝမ်းပါးစရာပါ။

မည်သည့်အရာမှ အလကားတော့ မရပါ။
တခုခုတော့ ပေးဆပ်ကြရမည်ဖြစ်သည်။
ကိုယ်တွေ Free သမားကတော့ Free
လောက်သာရပေမည်။ သို့သော်လည်း
ကိုယ်တွေပေးဆပ်ခဲ့သည့် ဝီရိယအကျိုး
တော့ ခံစားချင်သေး၊ ရချင်ပါသေးသည်။
ကဲ Hive ရေ ဈေးတက်လိုက်စမ်းပါ။
Hive 5$ ဖြစ်ရင် အာစီယံနိုင်ငံထဲက
ကြိုက်တဲနိုင်ငံ ရွေးထား ပို့းပေးမည်ဟု
သတင်းရရှိထားပါကြောင်း။

Hive 5$ ဖြစ်ဖို့ မဝေးတော့ပါ။ ကိုယ်တွေ
နှစ်သီးစားကြရမှာပါ။ အောင်ပွဲနှင့်အတူ
Hive ကဈေးတက်ပါမည့်အကြောင်း
အတိတ်ဆောင် နမိတ်အောင်ရန်
အောင်နမိတ်ကိုဖွင့်။ ရွားစားရေ
ပြည်တော်ဝင်ဖို့ အောင်စည်ယွန်းပါစို့။

@htwegyi
17-9-2022

H2
H3
H4
3 columns
2 columns
1 column
11 Comments
Ecency