လမ်းဘေး ပန်းလေးများ အလှတရား ရှုစား

လမ်းဘေးပန်းလေးများ အလှတရား ရှုစား။

လူတို့သည် အလှအပကို ချစ်မြတ်နိုးတတ်ကြသည်။
လှပသော အရာများကို ကြည့်မြင်နေချင်ကြသည်။
အလှကြည့်ရန် ပြုပြင်လုပ်ဆောင်ကြသည်များ ရှိသလို သဘာဝအလှတရားများ ရှိသည့် နေရာသို့လည်း သွားကာ ကြည့်ရှုခံစားတတ်ကြသည်။

ပန်းများသည် ယေဘုယျအားဖြင့် လှနေတတ်ကြသည်။
အချို့ပန်းများစွာက လှပရုံတင်မက ရနံ့မွှေးပျံ့ကြသည်။
အချို့ပန်းများကတော့ လှပမွှေးပျံ့သည် သာမက ဆေးဘက်ဝင်ကြသည်။

ယခု ပြသပေးလိုက်သည့် ပန်းများကတော့ မွှေးရနံ့ သိပ်မရှိလှပေ။
အရောင်အသွေး အလှ သက်သက်သာပါပဲ။
ဥယျာဉ်တစ်ခုထဲ ရောက်တုန်း လမ်းဘေးပလက်ဖောင်းမှာ ပတ်ဝန်းကျင်အလှ အတွက် စိုက်ပျိုးထားတာ တွေ့မြင်ခဲ့ရတာပါ။

ပန်းတွေက ပျား၊ ပိတုန်း၊ လိပ်ပြာ တို့အတွက်တော့ အစာအဟာရ ဝတ်ရည်ပေးသူတွေ ပါပဲ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center