Countryside Scenery

မင်္ဂလာပါ။

ကျေးလက်ဒေသမှာ နေထိုင်ရသည်မှာ သာသာယာယာဆိုပေမယ့် နေ့စဉ်နှင့်အမျှ တွေ့မြင်ရတာက သစ်ပင်တွေ တိမ်တွေနှင့်ကောင်းကင် ကိုသာ အမြင်ရများတော့ ရိုးအီရပါတယ်။
ရွာထဲမှာ နေတော့ လူတွေသာ မြင်ရပါတယ်။
ရွာမှာ ဆိုင်ကယ်ကတော့ အိမ်တိုင်းမှာ ရှိပေမယ့် ကား ကတော့ ရှားပါးပါတယ်။

ရွာအပြင် ထွက်မိတော့ မြင်နေကြ စပါးခင်းတွေ၊ သစ်ပင်တွေ၊ တိမ်ထူနေသော ကောင်းကင်ကို ရိုးအီနေလည်းပဲ ရှုမြင်ရပါတယ်။
ကျေးလက်သဘာဝရှုခင်းတွေက မဆန်းပြားပေမယ့် မျက်စိကြည်လင်သာယာစေပါတယ်။
စပါးခင်းတွေကို ဖြတ်လာတဲ့ လေညင်း ၏ အရသာကို ခံစားရသည်မှာ လူကို လန်းဆန်းတတ်ကြွစေပါတယ်။

ဒီနေ့တော့ သစ်ပင်တွေ တိမ်တွေနှင့်ကောင်းကင် သို့မဟုတ် ‌တိမ်ထူသောညကောင်းကင်အောက်က စပါးခင်းတွေကို Hive Myanmar Community ၌ မျှဝေရင်း ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်တွေရဲ့ မူရင်း Community ထဲ အရောက်အပေါက်နည်းလို့ ဝင်လည်တဲ့သဘောပါပဲ။
မိတ်ဆွေတို့ရော Hive Blockchain မှာ သာသာယာယာရှိနေကြဆဲပဲလား။
အိပ်မက်တွေ ဆက်မက်နေကြဆဲလား။
ကျွန်တော်ကတော့ အိပ်မက်တွေ အကောင်အထည် ကြီးမားစွာ ဖြစ်မြောက်လာဖို့ ဒီမှာ ဆက်လက်ညရပ်တည် ရှင်သန်နေဆဲပါ။
သို့ပေမယ့် အခြေအနေအရ တတ်ကြွစွာ မစွမ်းဆောင်နိုင်ကိုတော့ အားမလိုအားမရပါပဲ။
မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေဟု ဆုမွန်တောင်းရင်းဖြင့်သာ ....

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center