Professionalပီသပါစေ။

စာရေးသူ၏vpပြည့်အောင်စောင့်နေရသဖြင့်တခြားသူများ
အားvotingမပေးနိုင်ခြင်းအတွက်လွန်စွာအားနာမိပါ
သည်။
ဒီနေ့တွေးမိသည့်အတွေးလေးတခုကိုချဲ့ထွင်၍တွေးမိပါ
သည်။အင်္ဂလိပ်စကားလုံးလေးတခုပါပဲ။professional
ဆိုသည့်စကားလုံးလေးဖြစ်သည်။လူတိုင်းကိုယ်ကျွမ်းကျင်
ရာနယ်ပယ်တခုတွင်အသက်မွေးဝမ်းကျောင်းပြုကြသည်။
သို့သော်အလုပ်ကိုအလုပ်နှင့်တူအောင်လုပ်ဖို့ရန်မှာလွန်စွာ
အရေးကြီးလှပေသည်။
မိမိHome tuitionဆရာမဘဝ၌တွေ့ဖူးကြုံဖူးသည့်
အတွေ့အကြုံလေးများကိုပြောပြချင်ပါသည်။မိမိသည်
home tuitionစာသင်ချိန်များတနေ့တာအတွက်ပြည့်
နေသောအခါ၌ အသစ်လာအပ်သောစာသင်ဝိုင်းများအား
စာသင်ဝိုင်းနည်းပါးနေသောသူငယ်ချင်းကျူရှင်ဆရာမများ
အားလွှဲပေးလေ့ရှိပါသည်။
ထိုသို့လွှဲပေးရာ၌ကျောင်းသား မိဘများဆီမှမိမိထံသို့တိုင်
တန်းသည့်ဖုန်းများဝင်လာတတ်သည်။မိမိလွှဲပေးသည့်အသိဆရာမများက စာသင်ချိန်အတွင်းကလေးအားစာ
လုပ်ရန်ပေးထားပြီး ဖုန်းပြောနေခြင်း facebookသုံး
နေခြင်း စာသင်ချိန်သို့အချိန်မီရောက်မလာခြင်းအစရှိသ
ဖြင့်ဖြစ်ပေသည်။
မိမိစဉ်းစားသည်အလုပ်ချိန်အတွင်းဤကဲ့သို့ပြုမူနေသည်
မှာprofessionalမဆန်ခြင်း အလုပ်မလေးစားခြင်း
ပင်ဖြစ်ပေသည်။
မိမိတို့သည်မိမိတို့၏အလုပ်လုပ်ကိုင်ရာ၌ ကျွမ်းကျင်စွာ
လုပ်ကိုင်နိုင်အောင်ကြိုးစားဆောင်ရွက်ရမည်။ထို့အတူ
အချိန်လေးစားခြင်း အလုပ်ချိန်၌မလိုအပ်သည့်ကိုယ်ရေး
ကိုယ်တာများအားလုပ်ဆောင်နေခြင်းကိုလည်းရှောင်ကြဉ်
ရပေမည်။
မိမိသည်စာသင်ချိန်အတွင်းမည်သည့်ဖုန်းကိုမှအချိန်အ
ကြာကြီးလက်ခံဖြေကြားခြင်းမပြုပေ။စာသင်နေကြောင်း
တိုတိုတုတ်တုတ်ပြောကြား၍ ချပစ်လေ့ရှိသည်။
ထို့အတူမိမိလုပ်ကိုင်နေသည့်အလုပ်အကိုင်နှင့်ပတ်သတ်၍
အမြဲတမ်းတိုးတက်နေအောင်လေ့လာနေပေသည်။
ယနေ့ခေတ်သည်အင်တာနက်ခေတ်ဖြစ်ပေသည်။အင်တာ
နက်သုံး၍မည်သည့်ပညာကိုမဆိုလေ့လာ၍ရနေသော
ခေတ်ကြီးဖြစ်သည်။
ထို့ကြောင့်အလွယ်တကူရနေသောခေတ်၌ မိမိကျွမ်းကျင်
စွာအသက်မွေးဝမ်းကျောင်းပြုနေသောပညာရပ်အား
ကြိုးစားလေ့လာ၍ရနေသောခေတ်ပင်ဖြစ်သည်။
မိမိရွေးချယ်ထားသောအသက်မွေးဝမ်းကျောင်းအလုပ်
သည်မိမိအမှန်တကယ်စိတ်ဝင်စားပြီးရင်ထဲအသည်းထဲက
နှစ်ခြိုက်သည့်အလုပ်ဖြစ်ရန်လည်းလိုအပ်လှပေသည်။
သို့မှသာ စိတ်နှစ်၍အလုပ်လုပ်ကိုင်နိုင်ပြီးမည်သည့်အချိန်
၌အဆိုအလုပ်လုပ်နေရလျှင်ငြီးငွေ့သည်ပင်ပန်းသည်ဟု
ခံစားရမည်မဟုတ်ပေ။
ဤအလုပ်ကိုလုပ်ကိုင်နေရချိန်၌အချိန်ကုန်သည်ကိုကုန်
မှန်းမသိလောက်အောင်ပင်ဖြစ်နေရပေမည်။ထို့ကြောင့်
မိမိတို့သည် တပါးသူ၏အကြောင်းများအားသိစရာမလို၊
သို့သော်လည်းကိုယ့်အကြောင်းတော့ကိုယ်သိရမည်။
မိမိ၏passionသည်ဘာဖြစ်သည်ကိုသိရှိရမည်။
မိမိဘာဖြစ်ချင်သည်ဘာလုပ်ချင်သည်ကိုသေသေချာချာ
မသိပဲမိမိ၏အနာဂတ်ကိုမိမိရွေးချယ်နိုင်မည်မဟုတ်ပေ။
ထို့ကြောင့်မိမိ၏ဘာဖြစ်ချင်သည်ကိုသိမှမိမိဘာလုပ်ရမည်
ကိုသိ၍လက်တွေ့ကျကျလုပ်ကိုင်နိုင်ပေမည်။
ထိုသို့လက်တွေ့ကျကျသင်ယူလုပ်ကိုင်ရင်းမှတဆင့်မိမိ
သည်မိမိအလုပ်နယ်ပယ်၌ကျွမ်းကျင်လာပါပေမည်။
ထို့သို့ကျွမ်းကျင်စွာလုပ်ကိုင်ရင်းမှအလုပ်၌ အချိန်လေးစား
ခြင်း အလုပ်ကိုအလုပ်ကိုအလုပ်နှင့်တူအောင်လုပ်ဖို့သည်
ပြောစရာမလိုလောက်အောင်လုပ်ဆောင်နိုင်ပေမည်။
ထို့ကြောင့်professionalပီသအောင်လုပ်ဆောင်နိုင်ဖို့
သည်အလုပ်နှင့်မိမိ၏passionတထပ်တည်းကျဖို့လည်း
လိုအပ်ပါသည်ဟုတင်ပြရင်းနိဂုံးချုပ်လိုက်ရပေတော့သည်။
Photo credited from goo

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency