အလကားမနေခြင်းအကျိုး

ကိုဟင်ရေးသားသော ဆောင်းပါးတပုဒ်မှ
စာတကြောင်းအားစိတ်ထဲစွဲထင်နေရင်း အတွေးနယ်ချဲ့
မိသည်။ဘာမှမလုပ်ရင်ဘာမှမဖြစ်ဆိုသည့်စကားလုံး
လေးပင်ဖြစ်သည်။
ထိုစကားအကြောင်းအရာလေးနှင့်ဆက်စပ်ပြီး မိမိဘဝ
အခြေအနေအကြောင်းအရာများကို ရေးသားချင်စိတ်
ဖြစ်ပေါ်လာခဲ့သည်။
မိမိဘဝ၌ ဖခင်ကြီးကွယ်လွန်သွားပြီး မောင်နှမ၂ယောက်
လုံးမိဘမဲ့ဘဝသို့ရောက်သွားချိန်မှစတင်ပေလိမ့်မည်။
ဖခင်ကြီးဈာပန၌ မိမိတို့မောင်နှမ ၂ယောက်၏ရှေ့ရေး အကြောင်း အတင်းဟုဆိုရမည်လား တီးတိုးပြောသည်ဟု
ဆိုရမည်လားအဓိပ္ပါယ်မဖွင့်ဆိုတတ်စွာဖြင့် ပြောနေသည်
ကိုလည်း မိမိနားမှကြားဖြစ်အောင်ပင်ကြားခဲ့ပါသေးသည်။
ထိုသူတို့စကားအရဆိုလျှင် မိမိတို့ဘဝအခြေအနေက ရှေ့လျှောက်တော်တော်အခြေအနေဆိုးမည့်ပုံမျိုးဖြင့်ပြော
ဆိုနေကြခြင်းဖြစ်သည်။
ထိုသူတို့ပြောဆိုနေကြခြင်းသည် ထူးတော့မထူးဆန်းလှ
ပေ။ထိုအချိန်၌မိမိ၌ဘာအလုပ်အကိုင်မှလည်းမယ်မယ်ရရ မရှိ။ဖခင်ကြီးကိုပြုစုနေရ၍ အလုပ်ထွက်လုပ်လည်း အဆင်
မပြေလှပေ။ထို့ကြောင့်ပင်ဖခင်ကြီး ကွယ်လွန်ချိန်၌ အလုပ်
အကိုင်မယ်မယ်ရရမရှိခြင်းဖြစ်ပေသည်။
ဖခင်ကြီး၏တစ်လပြည့်လုပ်ပြီးနောက် မိမိတို့အိမ်နားမှ
ဖိနပ်စက်ရုံတရုံ၌ ခေတ္တခဏဝင်လုပ်ခဲ့သည်။မိမိတို့၏
အခြေအနေမှာ စားနိုင်သောက်နိုင်မပူမပင်နေနိုင်သော်
လည်း အလုပ်မရှိလျှင်မဖြစ်ဟုစိတ်ဓာတ်ဖြင့် ဝင်လုပ်ခဲ့ခြင်း
ဖြစ်သည်။
ထိုအခါတွင်လည်းကွန်ပျူတာဘွဲ့ကြီးယူပြီး ဖိနပ်ရုံအလုပ်
သမားလုပ်နေရသည်ဟုအတင်းတုပ်ကြလေသတည်း။
၃လလောက်ဖိနပ်စက်ရုံတွင်လုပ်ပြီးနောက် မိမိအလုပ်
ထွက်ပြီး အသိတယောက်နှင့် ထီးထည့်သည့်ပလပ်စတစ်
အိတ်ကလေးလုပ်သည့်စက်ကလေးတည်ထောင်ပြီး
လုပ်ကိုင်ခဲ့ရာ အော်ဒါရှိလိုက်မရှိလိုက်ဖြင့် ရပ်တည်လာရင်း
တဖက်မှကျူရှင်သင်ကြားခြင်း ဂျပန်စာသင်ကြားခြင်းများကိုစတင်လုပ်ကိုင်ခဲ့သည်။
ကျူရှင်သင်ခြင်း ဂျပန်စာသင်ခြင်းအလုပ်စတင်လုပ်သည့်အ
အချိန်၌ တလမှ၅၀၀၀ကျပ်ပဲကျူရှင်လခရခဲ့သည့်အိမ်
ဝိုင်းရှိခဲ့သည်။မိမိမိတ်ဆွေများကိုဤအကြောင်းပြောပြ
သောအခါ၌ ၅၀၀၀နဲ့များလုပ်နေသေးသည်ဟု ရယ်မော
ခြင်းခံခဲ့ရပါသေးသည်။နောက်ပိုင်း၌ ပလပ်စတစ်အိတ်
လုပ်သည့်လုပ်ငန်းရပ်တန့်သွားသည့်အခါ၌ ဤ၅၀၀၀ကျပ်သာစတင်ရရှိခဲ့သည့်အလုပ်မှ ၁လဝင်ငွေ
၄သိန်း ၅သိန်းရရှိလာ၍ စားဝတ်နေရေးအတွက်အဆင်
ပြေလာခဲ့သည်။online moneyအလုပ်သည်လည်း
မိမိသည် ဖုန်းအင်တာနက်စတင်ရရှိသည့် ၂၀၁၂လောက်
မှစတင်၍ ဖုန်းbillအကုန်ခံကာ googleခေါက်၍ လေ့လာလာခဲ့ရာတွင် ကြော်ငြာကလစ်ခြင်း crypto faucetများအားကလစ်ခြင်းဖြင့်အပိုဝင်ငွေလေးများ ရရှိ
လာခဲ့သည်။ထိုမှတဆင့်Airdropလုပ်ခြင်း steemit၌
စာရေးခြင်း အနည်းငယ်ရင်းနှီး၍crypto tradeခြင်း
များပြုလုပ်လာခဲ့သည်။
၂၀၂၀ခုနှစ်၃လပိုင်း၌ covidကြောင့်သင်တန်းများပိတ်
လိုက်ရ၍ မိမိလစာ၁လ၇သိန်းရနေသည့်အလုပ်မှာရပ်စဲသွားသည်။ဝင်ငွေတပြားမှမရှိတော့ချေ။ သို့ပေမယ့် မိမိသ
သည်onlineမှငွေရှာခြင်းကို လေ့လာခြင်းအကျိုးကျေးဇူး
ကြောင့် Airdropနှင့်tradeမှ ဝင်ငွေလေးများရရှိနေ
ခဲ့သဖြင့် ဒုက္ခမရောက်ခဲ့ပေ။Releventဆိုသည့် social websiteလိုမျိုး Rel coinရသည့်airdrop
မှ usdt 3000ကျော်ခန့်ထိုကာလ၌ ရရှိခဲ့သည်။
မိမိဘဝ၌ အချိန်ကိုအလကားမထားပဲ တတ်စွမ်းသမျှလေ့
လာသင်ယူခဲ့သည့်အကျိုး အနည်းငယ်မျှသောငွေကြေး
လေးရရှိသည့်အလုပ်ကိုပင် လေးလေးစားစား ဇွဲလုံ့လဖြင့်
လုပ်ကိုင်ခဲ့သည့်အကျိုးများကိုလက်တွေ့ခံစားနေရပေ
သည်။ထို့ကြောင့် စာဖတ်သူမိတ်ဆွေများလည်း ကိုဟင်
ရေးသားခဲ့သည့်ဆောင်းပါးအတိုင်း အားလပ်ချိန်များ၌
တခုခုကိုလုပ်ကိုင်နေခြင်းဖြင့် ဘဝအမောတွေပြေပျောက်၍
အဆင်ပြေကြပါစေဟုဆုမွန်ကောင်းတောင်းရင်း ဤpost
လေးအားနိဂုံးချုပ်လိုက်ရပါတော့သည်။
၁၁.၂.၂၀၂၄
ရေးသားသူ အိအိခိုင်
depositphotos_58920765-stock-photo-time-flies.jpg
Photo credited from google

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center