Why I like Custom ROM (Final Chapter)

AOSP base custom ROM တွေက သွက်လည်း သွက်၊ သုံးလို့လည်း ကောင်း၏။ အသုံးမလိုသည့် software, app တွေ မတွေ့ရသလောက်၊ မပါသလောက်ပင်။ ကိုယ်အသုံးလိုတာ မပါလို့ကို ပြန်သွင်းရတာမျိုးသာ ရှိ၏။ ဥပမာ လက်ရှိ ကျနော်သုံးနေသည့် Rising Os 1.4 ဆိုရင် Vanilla version ဆိုတော့ Google app တွေ Google နဲ့ ဆိုင်တာတွေ တခုမှ မပါပေ။ MindtheGapps ဆိုသည့် zip ကို ထပ် flash ရ၏။ Google app တွေ Google နဲ့ ဆိုင်တာတွေ သုံးလို့ ရဖို့ပေါ့။ အဲ့လောက်ထိကို AOSP ROM တွေက ဘာ အပိုစာသား software မှကို မပါတာ။ ဒါကြောင့်ပဲ firmware size တွေက နည်းပြီး ပေါ့ပါး နေရခြင်း ဖြစ်၏။

Custom ROM တွေမှာက လိုအပ်သလို customize လုပ်ခွင့်ရှိ၊ လုပ်လို့ရ၏။ official ROM တွေမှာလည်း root ဖောက်လိုက်ရင် ရပေမယ့် custom ROM တွေမှာလောက် အဆင်မပြေပေ။ အချို့ custom ROM တွေဆိုရင် root ဖောက်စရာ မလိုဘဲ customize လုပ်ခွင့်တွေ အများကြီးကို တပါတည်း ထည့်ပေးထား၏။

Custom ROM တွေနဲ့ official ROM တွေရဲ့ အဓိက ကွာခြားချက်က performance ပိုင်း ဖြစ်၏။ custom ROM တွေက အတော်လေးကို ပေါ့၏။ သုံးရတာလည်း သွက်၏။ မလိုတာတွေ မထည့်ဘဲ လိုအပ်တာတွေပဲ ဖြည့်သွင်းထားပေးတာကြောင့်လည်းပါမည်။ official ROM တွေမှာ lock ချ ထား၊ ပေးမသုံးသည့် အရာတွေကို custom ROM တွေမှာ အပြည့်အဝ အသုံးပြုလို့ ရ၏။ မိမိ phone မိမိ စိတ်ကြိုက်ဟု ပြောရလောက်အောင်ပင်။

ဒါတွေကြောင့်ပဲ Xiaomi phone ကိုင်ထားပေမယ့် MIUI ကို လပိုင်းလောက်သာ သုံးဖြစ်ခဲ့၏။ နောက်ထပ် Xiaomi သို့မဟုတ် Redmi phone ဝယ်ကိုင် ဖြစ်ရင်တောင် ကိုင်စ လပိုင်းလောက်ပဲ MIUI ကို သုံးမည်ဖြစ်ပြီး အချိန်တခု ရောက်လာရင်တော့ custom ROM ကို ပြောင်းပြီး သုံးမည် တွေးထား၏။

တချို့က phone ကို အချိန်ကြာလာမှသာ custom ROM ပြောင်းသုံးကြတာမျိုး ရှိ၏။ official ROM က firmware update မပေးတော့တာမျိုး၊ phone က ထင်သလောက် မသွက်တော့တဲ့ အခါမျိုးတွေပေါ့။ ထိုသို့သော အချိန်မျိုးတွေမှာ custom ROM ပြောင်းသုံးကြလေ့ ပိုများ၏။ ကျနော်ကတော့ ထိုမျှ လောက်ထိ မစောင့်ဘဲ လပိုင်းလောက်နဲ့သာ ပြောင်းပစ်လေ့ ရှိ၏။ ပြီးရင် custom ROM တွေ တခုပြီး တခု လိုက်ပြောင်း သုံးကြည့်၏။ မိမိ အကြိုက်ဆုံး၊ အသုံးဝင်ဆုံး custom ROM မတွေ့သရွေ့ တခုပြီး တခု ပြောင်းလိုက်၊ သုံးလိုက်နဲ့ပင်။ ကြာတော့ custom ROM သုံးရတာကိုပဲ ပိုပိုပြီး ကြိုက်လာခဲ့တော့၏။

Custom ROM တွေက AOSP base ကိုမှ Google ထုတ် pixel phone တွေ၏ ROM base တွေလည်း ရှိ၏။ တချို့ custom ROM တွေများဆို လုံးဝ pixel phone အလားပင်။ တချို့ custom ROM တွေများဆို paid (premium) version တွေ အဖြစ်နဲ့တောင် ထုတ်ကြသေး၏။ သွားရှုပ်လို့ မရပေ။ official ROM တွေလောက် origination မကြီးပေမယ့် သူ့ဟာနဲ့သူတော့ အဟုတ်၊ ခရီးတွေ ဆက် ခရီးတွေ တွင်နေကြတာပါပဲလေ။ custom ROM တွေကတော့ ဆက်ပြီး ရှိနေပါလိမ့် ပေဦးမည်။

(Screen shot from my Phone)

Road to Appeal (35)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center