We Stand with Aston Villa

ဒီတပတ်မှာ EPL ပွဲတွေ ရှိ၏။ Week 7 ရောက်လာပြီ ဖြစ်၏။ ဒီတပတ်မှာတော့ အသင်းကြီး အချင်းချင်း ထိပ်တိုက်တွေ့သည့် ပွဲစဉ်မျိုး မပါပေ။ အသင်းကြီး အချင်းချင်း တွေ့တွေ့ မတွေ့တွေ့ EPL ပွဲတွေက အကြိတ်အနယ်ရှိသည့် ပွဲစဉ်တွေ ချည်းပင်။ ဒီဘက်ခေတ်မှာတော့ အသင်းငယ်ဆိုပြီး အထင်သေးထားလို့ မရပေ။ မထင်ရင် မထင်သလို သူတို့၏ တုန့်ပြန် ကစားဟန်က အသင်းကြီးတွေကို အခက်တွေ့စေ၏။ တကယ်ယှဉ်ပြိုင် ကစားချိန်မှာ အသင်းကြီး အသင်းငယ်လည်း မရှိပေ။

ကျနော်တို့၏ United ကတော့ ဒီတပတ်မှာ Aston Villa နှင့် အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ United ရွှေထီးဆောင်းနေချိန်ကတောင် ခက်ခက်ခဲခဲ ကစားရလေ့ ရှိသည့် Villa ကို ခုလို အသင်းနိမ့်ကျနေချိန်မှာ ကစားရမှာ ဆိုတော့ အတော်လေး ခက်ခဲ ပေလိမ့်မည်။ လက်ရှိမှာ Aston Villa က 13 မှတ်နဲ့ အဆင့် 5 နေရာ၊ United က 7 မှတ်နဲ့ အဆင့် 13 နေရာမှာ ရပ်တည်နေ၏။

Aston Villa က အိမ်ကွင်း မာ၏။ ကြားရက် ချန်ပီယံလိဂ် ပွဲစဉ် ဖြစ်သည့် Bayern Munchen နှင့် ပွဲမှာ 1-0 ဖြင့် အနိုင်ကစားထား၏။ United ကတော့ ယူရိုပါလိဂ် ပွဲစဉ် အဖြစ် အဝေးကွင်းမှာ Porto ကို 3-3 ဂိုး သရေကျထား၏။ လက်ရှိ အနေအထားမှာတော့ United ထက် Aston Villa က အဖက်ဖက်က သာနေ၏။ ဒါက ငြင်းပယ်လို့ မရသည့် အမှန်တရားပင်။

နောက်ဆုံး ကစားထားသည့် 4 ပွဲမှာ United တို့ တပွဲမှ အနိုင်မရထားသေးပေ။ Villa ကတော့ နောက်ဆုံး 4 ပွဲမှာ တပွဲမှ မရှုံးထားပေ။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုကို ပြန်ကြည့်ရင် United က Villa ကို နောက်ဆုံး 4 ပွဲဆက် အနိုင်ရထား၏။ 5 ကြိမ်မြောက် တွေ့ဆုံမှုမှာ United တို့ကပဲ 5 ပွဲဆက် အနိုင် ကစားသွား မလား၊ ဒါမှမဟုတ် Aston Villa ကပဲ တဖန် ပြန်လည် အနိုင်ယူပြသွား မလား ကတော့ စောင့်ကြည့်ရ ပေလိမ့်မည်။

အဆိုပါ ပွဲစဉ်ကို တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည 7 နာရီခွဲမှာ ကစားမည် ဖြစ်၏။ ယခုပွဲ ရှုံးပါက United နည်းပြ Erik Ten Hag တယောက် ထုတ်ပယ် ခံရနိုင်သည်ဆိုသည့် သတင်းတွေလည်း အတော်လေး ထွက်ပေါ်နေ၏။ ဒီတပတ်မှာတော့ United hardcore fan တွေပင် Aston Villa ကို အားပေးကြမည် ထင်၏။ Ten Hag အပေါ် စိတ်ရှည် သည်းခံနိုင်စွမ်းက မရှိသလောက် ဖြစ်သွားခဲ့ပြီ။ ကျန် 19 သင်း fan တွေကတော့ Ten Hag မထွက်ရေး ဒို့အရေး ဆိုပြီး Man United ကို အားပေးကြပေလိမ့်မည်။

ရဲရဲကြီးသာ ရှုံးပစ်လိုက်ပါ United ရေ။ Ten Hag သက်ဆိုး မရှည်ဖို့သာ မျှော်လင့်လျက်။

(photo from Manchester United Facebook page)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center