Safetynet

Firmware ပြန်တင်ပြီး app တွေ ပြန်‌ download လုပ်၊ data တွေ ပြန်ပြီး စုရ၏။ ပြောခဲ့ဖူးသည့်အတိုင်း firmware တင်ရတာက အဲ့လောက် မဟုတ်၊ app တွေ data တွေ ပြန်စု နေရတာက ဆိုးလှ၏။ Dirty flash ကလည်း မရ၊ ROM တိုင်းက clean flash သာ recommend ပေးကြ၏။ Dirty flash ဆိုရင်တော့ data တွေ မပျောက်၊ မပျက် တော့ဘူးပေါ့လေ။

အနိမ့်ကနေ အမြင့်တင်ချိန်ဆို app တွေလောက်သာ ပြန်သွင်းရ၏။ data တွေက ကျန်နေသေး၏။ Developer တွေက format data လုပ်ဖို့ အကြံပေး ပေမယ့် ကျနော်ကတော့ မလုပ်ဘဲ သုံးခဲ့တာတော့ များ၏။ အခု အနိမ့် ပြန်ဆင်းတဲ့အခါမှာလည်း format data မလုပ်ဘဲ ထား၏။ ဒါပေမယ့် boot (logo) မှာပဲ ရပ်နေသဖြင့် format data လုပ်လိုက်ရ၏။ သို့မှာ boot ကို ကျော်သွားခဲ့၏။

App တွေ ဘာတွေ ပြန်သွင်းပေါ့။ သုံးနေကြ app တွေက သိပ်အများကြီး မဟုတ်ပေ။ နည်းနည်းပါးပါးလောက်သာ။ firmware အတင်အချ လုပ်နေရင်းကလည်း စာရေး ပိုစ့်တင် မပြတ်သွားအောင်ကလည်း ဂရုစိုက်ရသေး၏။ ဘောလုံးပွဲတွေလည်း မကြည့်နိုင်၊ ရုပ်ရှင် ဘာညာလည်း မကြည့် ဖြစ်နဲ့ပေါ့။

ခုတော့ ပြန် အဆင်ပြေသွားခဲ့ပါပြီလေ။ ဒါတောင် အလုံးစုံတော့ အဆင်မပြေသေး။ Safetynet pass မဖြစ်နေခြင်း ဖြစ်၏။ Phone တွေ၏ build in firmware က Safetynet pass ဖြစ်၏။ Custom ROM အများစုသည်လည်း Safetynet pass ဖြစ်ပါ၏။ ဒါပေမယ့် Official ROM ကော၊ Custom ROM ကော root လုပ်လိုက်ရတော့ Safetynet fail ဖြစ်သွားလေ့ ရှိ၏။ Safetynet fail ဖြစ်ရင် banking app တွေ သုံးမရပေ။ အဆိုပါ root ကို hide ထားမှသာ Safetynet pass ဖြစ်ပြီး banking app တွေ သုံးလို့ရ၏။

Root tool တွေ အများကြီး ရှိ၏။ ကျနော်ကတော့ Magisk ကို သုံး၏။ Safetynet fix Magisk module ကို သုံးပြီး root ကို hide banking app တွေကို deny list ထဲထည့်ပေးပြီး banking app တွေကို သုံးလို့ရပြီ ဖြစ်၏။ ရှေ့တခေါက်တုန်းက Rising OS 1.4 က Safetynet pass ဖြစ်ပေမယ့် ခုတခေါက်မှာ မဖြစ်နေပေ၊ တခု ကျန်နေ၏။ Basic integrity က pass ဖြစ်ပြီး၊ CTS profile match က fail ဖြစ်နေ၏။ သို့ပေမယ့် Banking app တွေတော့ သုံးလို့ ရနေ၏။

ဒီ ROM ကိုပဲ ပြန်သွင်းသုံးတာကို ခုလို ဖြစ်နေတယ်ဆိုတော့ မပြောတတ်တော့ပေ။ Group ထဲက အခြားသူတွေကြပြန်တော့ Safetynet pass ဖြစ်ပြီး banking app တွေ သုံးမရတာမျိုးလည်း ရှိ၏။ ထိုသို့ ဖြစ်ရတာက မိမိ သုံးသည့် ROM နှင့်လည်း ဆိုင်၏။ ကျနော်လည်း တခါကြုံဖူး၏။ ROM နာမည်တော့ မေ့သွားခဲ့ပြီ။

CTS profile match pass ဖြစ်စေဖို့ရန် နည်းလမ်း ရှာကြံနေပေမယ့် ခုထိတော့ အဆင်မပြေနေသေးပေ။ လောလောဆယ် Banking app တွေ သုံးလို့ ရနေတာကပဲ ဟုတ်နေပါပြီလေ။ ဖြည်းဖြည်းချင်း အဖြေရှာကြည့်တာပေါ့။ လူလည်း နည်းနည်း နားဦးမှပဲ။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now
Logo
Center