အပြင်က မီးက
ရင်ထဲထိ လောင်တယ်
ဒီမီးကို
ရှို့ခဲ့ ပြီးပြီ
ရှို့နေဆဲ
ရှို့လိမ့်ဦးမယ်
သူတို့လောက် ယုတ်မာသူတောင်
သူတို့လို မယုတ်မာနိုင်လောက်ဘူး
သခင်အားရ ကျွန်ပါးဝလို့ ပြောပြန်ရင်လည်း
အမယ် ငါတို့က ကျွန်ဟ ဆိုပြီး
ဂုဏ်ယူနေဦးမယ်
ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်
ကာကွယ်ပါမည်တဲ့
လက်တွေ့မှာက
အဘတို့၏ အသက်အိုးအိမ် စည်းစိမ်ကို
ကာကွယ်ပြီး
ပြည်သူ့ အိုးအိမ်ကို ဖျက်ဆီးနေတာ
အဆုံးသတ်တိုက်ပွဲ ငါတို့တိုက်မယ်
အောင်ပွဲ မဝေးတော့ပြီ
#CivilDisobedienceMovement
#JusticeForMyanmar
#RejectMilitaryCoup
#FightForDemocracy
#SaveMyammar
#HearTheVoiceOfMyanmar