Need Strong Integrity

Bybit မရနေသည့် အကြောင်းအရင်းကို ကျနော်သိပြီဟု ထင်၏။ ဘာကြောင့်ဆိုတာကို သိပေမယ့် ဘယ်လိုလုပ်ရမလဲကိုတော့ မသိသေးပေ။ ပုစ္ဆာကို တကျော့ပြန် တွက်ဖို့ အကြောင်းဖန်လာခဲ့ပြီ။ ဒီတကြိမ်တော့ အဖြေထွက်ချင်ပါ၏။ တွက်နည်း ရှာရပေလိမ့်ဦးမည်။

Root လုပ်ထားသည့် phone မှာ Bank app, Crypto wallet တွေ သုံးနိုင်ဖို့ ကျော်ခွရတာလေးတွေ ရှိ၏။ Kernel SU, A patch, Magisk ဘာနဲ့ပဲ Root လုပ်လုပ်ကျော်ရ ခွရ၏။ Root မလုပ်ထားပေမယ့် တချို့ Stock ROM တွေမှာ Safetynet pass မဖြစ်ဘဲ fail နေတာမျိုး ရှိတတ်၏။ ထို ROM တွေမှာဆိုရင်လည်း bank app တွေ သုံးမရပေ။ ထို stock ROM တွေကို root ဖောက်ပြီး module ထည့်သုံးရ၏။ Custom ROM တွေတောင် root မလုပ်ထားရင် Safetynet pass ဖြစ်နေသည့် ခေတ်ကြီးမှာ stock ROM မှာ fail နေတာမျိုးက ရယ်ချင်စရာ။

ပြီးခဲ့သော ရက်ပိုင်းက Safetynet pass ပြန်စစ်ကြည့်တော့ ကျနော့် phone က cts profile match pass မဖြစ်ဘဲ fail နေခဲ့၏။ ထိုကြောင့် Bybit သုံးမရတာ နေမယ်။ နို့ ဒါပေမယ့် Binance တို့ kpay တို့ကြ ဘာလို့ သုံးရနေသနည်း။ cts profile match pass ဖြစ်အောင် လုပ်ဖို့ နည်းလမ်းတွေ ရှာရပြန်၏။ ယခင်တုန်းကတော့ အဆိုပါ ကိစ္စမျိုးက အင်မတန်မှကို လွယ်၏။ ခုနောက်ပိုင်းက နည်းနည်း ခက်လာ၏။ Google က လိုက်လိုက်ပြီး ban သဖြင့် cts profile တွေ သုံးမရတာမျိုးတွေ ဖြစ်လာလေ့ ရှိ၏။

Google ခေါက်၊ YouTube ကြည့် Group တကာ စုံအောင် ပတ်သွားကြည့်ပြီး နောက်မှာတော့ cts profile match ဖြစ်၊ pass ဖြစ် သွားခဲ့၏။ အချိန်လည်း အတော်ကုန်သွား၏။ လုပ်ရတာလည်း အရင်ထက် ပိုရှုပ်လာ၏။ ဒါပေမယ့် Bybit တော့ သုံးမရသေးပေ။ Root ရှိနေတယ်ပဲ ပြောပြောနေပြန်၏။

Play store မှာ သွားစစ်ကြည့်တော့ Basic Integrity ဖြစ်၏။ Device Integrity ဖြစ်၏။ Strong Integrity တော့ မဖြစ်နေပေ။ ဒါဆိုရင် strong မဖြစ်နေလို့လား။ ပုံမှန်အားဖြင့်က Strong Integrity မဖြစ်နေရင်ဝောာင် bank app, crypto wallet တွေ သုံးလို့ရနေပြီ ဖြစ်၏။ တချို့ တအားကြီး security တင်းကြပ်သည့် app တွေပဲ မရတာ။ နို့ဆိုရင် Bybit ကြီးကပဲ အရမ်းတွေ security ကောင်းနေပြီလား။

Strong Integrity ဖြစ်အောင်လုပ်သည့် နည်းလမ်းတွေ လိုက်လုပ်ကြည့်၏။ မရပေ။ သူများတွေ ရပေမယ့် ကိုယ့်မှာ မရနေပေ။ ကျနော် တယောက်ထဲ မဟုတ်၊ ကျနော့်လိုပဲ မရသူတွေလည်း ရှိပြန်၏။ Telegram Channel ထဲမှာ ရသူတွေ၊ မရသူတွေ စကားတွေပြော၊ မေးကြ မြန်းကြနဲ့ အကူအညီတောင်းသူတွေကလည်းတောင်းနဲ့ ပွက်လောရိုက်နေ၏။

ခေါင်းတွေပါ ကိုက်လာ၏။ ခဏ နားထားလိုက်၏။ ပြီးမှပဲ စမ်းတော့မယ်။ Strong Integrity ရအောင် လုပ်ကြည့်မယ်ကွာ အဲ့တာကိုမှ သုံးမရသေးရင်တော့ Bybit ကြီးကကို လွန်တာဟု ပြောရပေလိမ့်မည်။

H2
H3
H4
3 columns
2 columns
1 column
Join the conversation now